Skip to main content

Posts

YouTube မှာ ကိုယ့်ရဲ့သီချင်းကိုရှာလိုက်ရင် ထိပ်ဆုံးမှာပေါ်နေအောင် ဘယ်လိုလုပ်ဆောင်မလဲ?

  သီချင်းတစ်ပုဒ် / Video တပုဒ် ဘယ်လောက်ကောင်းကောင်း YouTube ရဲ့ Algorithm ကို နားမလည်ရင် ပရိသတ်ဆီ ရောက်ဖို့ ခဲယဉ်းပါတယ်။ Fans Based ခိုင်မာပြီးသား အဆိုတော်တွေကို မဆိုလိုပါဘူး။ ပရိသတ်အခိုင်အမာမရှိသေးတဲ့ YouTuber တွေ အဆိုတော်တွေဆိုရင်တော့ YouTube SEO နဲ့ပတ်သက်ပြီး အတော်အသင့်တော့ သိရှိလိုက်နာဖို့လိုပါတယ်။   YouTube SEO ဆိုတာ ကိုယ့်သီချင်းကို YouTube ရှာဖွေမှုရလဒ်တွေရဲ့ ထိပ်ဆုံးမှာ ပေါ်လာအောင် လုပ်ဆောင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ SEO ရဲ့ အရှည်ကောက်ကတော့  Search Engine Optimization ဖြစ်ပါတယ်။ လူတွေရှာလိုက်တဲ့အခါ ကိုယ့်သီချင်းက ထိပ်ဆုံးမှာ ပေါ်လာဖို့ဆိုရင် YouTube ရဲ့ Algorithm ကို ကိုယ့်သီချင်းအကြောင်း / ကိုယ့်ရဲ့ Video အကြောင်းကို ရှင်းပြနိုင်ဖို့လိုပါတယ်။ ရှင်းပြတယ်ဆိုတာက စကားအဖြစ်နားလည်အောင်ပြောတာပါ၊ ကိုယ့် Video မှာ YouTube ရဲ့ Algorithm နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတခုတည်ဆောက်သွားနိုင်ဖို့   အဆိုတော်တိုင်း သိထားသင့်တဲ့ SEO နည်းလမ်း (၄) ချက်ကို မျှဝေပေးလိုက်ပါတယ်။ ၁။ ခေါင်းစဉ် (Title) ကို စနစ်တကျပေးပါ Title ဟာ Algorithm အတွက်ရော လူတွေအတွက်ပါ ပထမဆုံး ဆွဲဆောင်မှုပါ။ ပုံသေနည်း ▶︎...

𝗬𝗼𝘂𝗧𝘂𝗯𝗲 ကနေ ဝင်ငွေရှာချင်တဲ့ အဆိုတော်တိုင်း သိထားရမယ့် 𝗖𝗼𝗻𝘁𝗲𝗻𝘁 𝗣𝗼𝗹𝗶𝗰𝘆 နဲ့ မူပိုင်ခွင့်အန္တရာယ် 🛑🎵

ဒီနေ့ခေတ်မှာ 𝗬𝗼𝘂𝗧𝘂𝗯𝗲 𝗠𝗼𝗻𝗲𝘁𝗶𝘇𝗮𝘁𝗶𝗼𝗻 (ဝင်ငွေရရှိမှု) လျှောက်ဖို့ဆိုတာ အရင်ကထက် အများကြီး ပိုပြီး ခက်ခဲလာပါတယ်။ ပုံမှန်အားဖြင့်တော့ ကိုယ့် 𝗖𝗵𝗮𝗻𝗻𝗲𝗹 မှာ 𝗦𝘂𝗯𝘀𝗰𝗿𝗶𝗯𝗲𝗿 (၁,၀၀၀) နဲ့ 𝗪𝗮𝘁𝗰𝗵 𝗛𝗼𝘂𝗿𝘀 (၄,၀၀၀) တနှစ်အတွင်း ပြည့်ရင် လျှောက်လို့ရပြီဖြစ်ပေမယ့် တကယ်တမ်း 𝗔𝗽𝗽𝗿𝗼𝘃𝗲 ဖြစ်ဖို့ကတော့ 𝗬𝗼𝘂𝗧𝘂𝗯𝗲 ရဲ့ တင်းကျပ်လှတဲ့ ပေါ်လစီတွေကို သေချာနားလည်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အဆိုတော်တွေ အများဆုံး မှားယွင်းတတ်ပြီး 𝗠𝗼𝗻𝗲𝘁𝗶𝘇𝗮𝘁𝗶𝗼𝗻 ငြင်းပယ်ခံရစေတဲ့ "𝗥𝗲𝘂𝘀𝗲𝗱 𝗖𝗼𝗻𝘁𝗲𝗻𝘁" (ပြန်လည်အသုံးပြုထားသော အကြောင်းအရာ) ပြဿနာအကြောင်းကို ဒီနေ့ အသေးစိတ် ရှင်းပြပေးချင်ပါတယ်။ ၁။ အဆိုတော်တွေ သတိထားရမယ့် "အရင်ဆုံးတင်သူ" မူဝါဒ 𝗬𝗼𝘂𝗧𝘂𝗯𝗲 ရဲ့ စနစ်က 𝗩𝗶𝗱𝗲𝗼 တစ်ခုကို ဘယ်သူက အရင်တင်သလဲဆိုတာကို အဓိက ကြည့်ပါတယ်။ ပထမဆုံး တင်လိုက်တဲ့ 𝗖𝗵𝗮𝗻𝗻𝗲𝗹 ကို မူလပိုင်ရှင် (𝗢𝗿𝗶𝗴𝗶𝗻𝗮𝗹 𝗖𝗿𝗲𝗮𝘁𝗼𝗿) အဖြစ် သတ်မှတ်လေ့ရှိပါတယ်။ ဒီနေရာမှာ အဆိုတော်တွေ အမှားအယွင်း ဖြစ်တတ်တာက - သီချင်းတစ်ပုဒ်ထွက်ပြီဆိုရင် ဖြန့်ချိရေးအတွက် 𝗔𝗴𝗲𝗻𝗰𝘆 တွေ၊ 𝗦𝗲𝗿𝘃𝗶𝗰...

AI နဲ့ဖန်တီးထားတဲ့ Music တွေက သင့်ရဲ့မူပိုင်ခွင့်တစိတ်တပိုင်းကိုထိခိုက်နိုင်ပါတယ်

  အခုနောက်ပိုင်း Music Production ပိုင်းမှာ Suno လိုမျိုး AI ကို အသုံးပြုပြီး သီချင်းတွေ ဖန်တီးလာကြတာဟာ တက်သစ်စအဆိုတော်တွေကြားထဲမှာ အလွန်ရေပန်းစားလာပါတယ်။ ဒါပေမဲ့ ဒီ "လွယ်ကူမှု" ရဲ့ နောက်ကွယ်မှာ အနုပညာရှင်တစ်ယောက်အတွက် အလွန်အန္တရာယ်များတဲ့ မူပိုင်ခွင့်ဆိုင်ရာ ဆိုင်ရာအကြောင်းအရာတွေ ရှိနေပါတယ်။ ၁။ ကိုယ်ဖန်တီးပေမဲ့ ကိုယ်အမှန်တကယ် မပိုင်ဆိုင်ခြင်း AI က ထုတ်ပေးလိုက်တဲ့ Music တွေ၊ သံစဉ်တွေဟာ နိုင်ငံတကာ မူပိုင်ခွင့်ဥပဒေအရ "Human Creativity" (လူသားရဲ့ ဖန်တီးမှု) ထဲမှာ မပါဝင်သေးပါဘူး။ ဆိုလိုတာက အဲ့ဒီသီချင်းကို သင်ကပဲ Prompt ပေးပြီး လုပ်ခိုင်းတာမှန်ပေမဲ့၊ ဥပဒေအရ သင်ဟာ ထိုသီချင်းရဲ့ "တစ်ဦးတည်းသော မူပိုင်ရှင်" အဖြစ် သတ်မှတ်ခံရဖို့ ခဲယဉ်းပါတယ်။ ၂။ 𝗦𝘁𝗿𝗲𝗮𝗺𝗶𝗻𝗴 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺𝘀 တွေရဲ့ ငြင်းပယ်မှု (𝗗𝗶𝘀𝘁𝗿𝗶𝗯𝘂𝘁𝗶𝗼𝗻 𝗜𝘀𝘀𝘂𝗲) Ditto, CD Baby, DistroKid စတဲ့ Music Distributor တွေဟာ အခုနောက်ပိုင်း AI-generated content တွေကို အရမ်းစစ်ဆေးလာပါပြီ။ AI အစအနလေးတွေ ပါဝင်နေတာနဲ့တင် International Streaming Platforms (Spotify, Apple Music) တွေပေါ် တင်ခွင့်မရတော့တာမျိ...

Spotify က Blue Mark ပေးတဲ့စနစ်ကို ဖျက်သိမ်းလိုက်ပါပြီ

  ကိုယ့်ရဲ့ Spotify Profile Name ဘေးက  "အပြာရောင်အမှန်ခြစ်" လေး ပျောက်သွားတာ သတိထားမိကြလား? Artist တိုင်းအတွက် Spotify မှာ Verified ဖြစ်တယ်ဆိုတဲ့ "Blue Checkmark" လေး ရထားတာက တကယ့်ကို ဂုဏ်ယူစရာတစ်ခုပါ။ ဒါပေမဲ့ အခုတော့ အဲ့ဒီ အပြာရောင်အမှန်ခြစ်လေးတွေကို Spotify က တရားဝင် ဖြုတ်ချလိုက်ပါပြီ။ Artist တွေကြားထဲ တော်တော်လေး ဂယက်ရိုက်သွားတဲ့ ဒီ Update အသစ်အကြောင်း သေချာလေး ရှင်းပြပေးချင်ပါတယ်။ ဘာတွေပြောင်းသွားတာလဲ?   ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက် (၂၀၂၆) ကစပြီး Spotify ဟာ နာမည်ဘေးက "Verified Artist" အပြာရောင် အမှန်ခြစ်လေးကို ဖယ်ရှားလိုက်တာပါ။ အဲ့ဒီအစား Profile ရဲ့ "About" section မှာ "Registered Artist" ဆိုတဲ့ စာသားလေးနဲ့ အစားထိုးလိုက်ပါတယ်။ ဘာလို့ ဒီလိုလုပ်ရတာလဲ?   အဓိကကတော့ နားဆင်သူတွေအတွက် ပွင့်လင်းမြင်သာမှု (Transparency) ရှိအောင်လို့ပါ။ အရင်က Blue Tick ကိုမြင်ရင် ပရိသတ်တွေက ဒီအဆိုတော်ဟာ အရမ်းနာမည်ကြီးလို့၊ ဒါမှမဟုတ် Spotify က အထူးအသိအမှတ်ပြု (Endorse) ထားလို့ဆိုပြီး အထင်လွဲတာတွေ ရှိခဲ့ပါတယ်။ တကယ်တော့ အဲ့ဒီ အမှန်ခြစ်ရဲ့ မူလအဓိပ္ပာယ်က ဒီ Profile...

သီချင်းတစ်ပုဒ် အောင်မြင်ဖို့ မေ့ထားလို့မရတဲ့ အဓိကသော့ချက်

  MAMAMOO အဖွဲ့ဝင် Hwasa ရဲ့ Solo သီချင်းသစ်  "Good Goodbye"  ရဲ့ အောင်မြင်မှုကတော့ အားလုံးမြင်တွေ့နေရတဲ့အတိုင်းပါပဲ။ သီချင်းထွက်ပြီး ၃ လကျော်ကြာတဲ့အထိ Social Media Platforms အားလုံးမှာ Viral ဖြစ်နေတုန်းပါပဲ။ အခုဆိုရင် YouTube မှာ ကြည့်ရှုနားဆင်သူပေါင်း 94 သန်းကျော်သွားခဲ့ပါပြီ။ သေချာပေါက် ဘီလီယံ View အတွက်ရှေ့ဆက်နေပါပြီ။ TikTok မှာဆိုရင်လည်း အခုချိန်ထိ Viral ဖြစ်နေတုန်းပါပဲ။  အခု ဒီစာက "Good Goodbye" သီချင်းအကြောင်း သက်သက်ပြောချင်တာ မဟုတ်ပါဘူး။ Hwasa အနေနဲ့ သူ့သီချင်းကို လူအများကြားထဲ Viral ဖြစ်သွားအောင် သူကိုယ်တိုင် ဘယ်လိုသေချာစီစဉ်ပြီး (Strategic Planning) လုပ်ဆောင်ခဲ့တာတွေက သတိထားလိုက်မိသမျှ Case Study အနေနဲ့ ဒီစာကိုရေးမိသွားတာဖြစ်ပါတယ်။ ထူးထူးဆန်းဆန်းကြီးတော့မဟုတ်ပါဘူး။ Innofective နဲ့ လက်တွဲနေတဲ့ အဆိုတော်တော်တော်များများကိုလည်း အမြဲအကြံပေးဖြစ်တဲ့ အကြောင်းအရာလေးပါပဲ။ ဒါကတော့  "Social Media Marketing"  ပါ။ အဆိုတော်တစ်ယောက် လုပ်ရမယ့်အပိုင်း (၃) ပိုင်း ၁။  Production:  သီချင်းထုတ်လုပ်မှုအပိုင်း (သီချင်းရေး၊ တီးခတ်၊ အသံသွင်း၊ Mixing) ၂။  Dis...

အဆိုတော်တိုင်း မဖြစ်မနေ သိထားသင့်တဲ့ ISRC နဲ့ UPC ကုဒ်အကြောင်း

  အဆိုတော်တိုင်း မဖြစ်မနေ သိထားသင့်တဲ့ ISRC နဲ့ UPC ကုဒ်အကြောင်း ယနေ့ခေတ်မှာ ကိုယ်က သီချင်းသီဆိုသူ အဆိုရှင်၊ အဆိုတော် (Artist) တစ်ယောက်ဆိုရင် ISRC နဲ့ UPC အကြောင်းကို သိထားဖို့ လုံးဝလိုအပ်ပါတယ်။ ISRC (International Standard Recording Code) ISRC ဆိုတာက သီချင်းတစ်ပုဒ်ချင်းစီ (သို့မဟုတ်) အသံသွင်းယူမှု (Recording) တစ်ခုချင်းစီအတွက် သီးသန့်သတ်မှတ်ပေးထားတဲ့ "ဒစ်ဂျစ်တယ်လက်ဗွေရာ" (Digital Fingerprint) ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာ အသိအမှတ်ပြု ကုဒ်နံပါတ်တစ်ခုလည်း ဖြစ်ပါတယ်။ ISRC ကုဒ် ဖွဲ့စည်းပုံ (ဥပမာ)  ISRC ကုဒ်မှာ အက္ခရာနဲ့ ဂဏန်း စုစုပေါင်း ၁၂ လုံး ပါဝင်ပါတယ်။ ဥပမာ -  US-S1Z-24-00001 US:  နိုင်ငံကုဒ် (Country Code) S1Z:  ထုတ်ဝေသူ ကုဒ် (Issuer Code) 24:  ထုတ်လုပ်သည့် ခုနှစ် (Year of Reference - 2024) 00001:  သီချင်းစဉ် (Designation Code) ဘယ်လိုအသုံးဝင်သလဲ? ခြေရာခံခြင်း (Tracking):  သီချင်းတစ်ပုဒ်ကို ဘယ်နေရာမှာ၊ ဘယ်နှစ်ကြိမ် နားထောင်ခဲ့လဲ (Stream)၊ ဒေါင်းလုပ် (Download) ဆွဲခဲ့လဲဆိုတာကို ခြေရာခံနိုင်ပါတယ်။ ဥပမာ - Spotify, Apple Music, YouTube စတဲ့ Platform တွေ...

TikTok က သီချင်းတွေကနေ ဝင်ငွေဘယ်လိုပေးတာလဲ?

  တေးသံရှင်တော်တော်များများ အထူးသဖြင့် TikTok Royalty နဲ့ပတ်သက်ပြီး နားလည်မှုလွဲနေတာလေးတွေရှိပါတယ်။  "ကျွန်တော် / ကျွန်မရဲ့ အကောင့်မှာ သီချင်းကိုသုံးပြီးလုပ်ထားတဲ့ Video ရဲ့ View က သိန်းချီရှိတယ်၊  ဘာလို့ တကျပ်မှမရတာလဲ !@#$%^&*@#$%%"  ဟုတ်ကဲ့ အဲ့တာလေးရှင်းပြချင်ပါတယ်။  သင့်ကိုယ်ပိုင် TikTok Video က Views များရုံနဲ့ ပိုက်ဆံမရပါ သင့်ရဲ့ TikTok အကောင့်မှာ သင်ကိုယ်တိုင်တင်ထားတဲ့ သီချင်းဗီဒီယိုက Views တွေသိန်းကျော်သွားတာဟာ လူကြီးမင်းရဲ့သီချင်းအတွက် ကောင်းမွန်တဲ့ ပရိုမိုးရှင်းတစ်ခုဖြစ်ပေမယ့်၊ အဲ့ဒီ Views အရေအတွက်ပေါ်မူတည်ပြီး TikTok က တိုက်ရိုက် ပိုက်ဆံပေးတာ  မဟုတ်ပါဘူး ။ ဒါဟာ YouTube လို ကြော်ငြာဝင်ငွေ (Ad Revenue) ရတဲ့ပုံစံနဲ့ လုံးဝကွဲပြားပါတယ်။ TikTok ကနေ သီချင်းအတွက် Royalty Income ဘယ်လိုရတာလဲ? TikTok ရဲ့ Royalty စနစ်က Spotify တို့ Apple Music တို့လို "တစ်ခါနားထောင်ရင် ဘယ်လောက်" (per-stream) ဆိုတဲ့ ပုံစံမဟုတ်ပါဘူး။ သူတို့ရဲ့ စနစ်က ဒီလိုအလုပ်လုပ်ပါတယ်- || လူကြီးမင်းရဲ့သီချင်းကို တခြားသူတွေက သူတို့ရဲ့ ဗီဒီယိုတွေမှာ သုံးစွဲခြင်း (Video Creations) ဝင်ငွေရရှိဖ...

PayPal အသုံးပြုမှုနဲ့ သတိထားသိထားသင့်သောအချက်များ

  လက်ရှိ မြန်မာပြည်မှာ အကြောင်းအမျိုးမျိုးကြောင့် PayPal ကို အသုံးပြုများလာကြပါတယ်။ အဓိကအကြောင်းအရင်းတွေကတော့ Facebook က ဝင်ငွေတွေကို collect လုပ်ဖို့၊ TikTok က ဝင်ငွေတွေကို collect လုပ်ဖို့နဲ့ အခြားသော online ငွေရပေါက်ရလမ်းတွေကနေ ငွေလက်ခံနိုင်ဖို့ ဖြစ်ပါတယ်။  ဒါကြောင့်လည်း PayPal အကောင့်အရောင်းအဝယ်တွေကို online မှာ အများကြီးတွေ့လာရပါတယ်။ ဒါကြောင့် သတိထားသိထားသင့်တာလေးတွေ လိုရင်းတိုရှင်းပဲပြောချင်ပါတယ်၊ PayPal တို့ Payoneer တို့ဆိုတာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဝန်ဆောင်မှုပေးနေတဲ့ financial service အဖွဲ့အစည်းကြီးတွေဖြစ်ပါတယ်။ Online ပေါ်မှာ ငွေပေးချေမှုတွေ ဆောင်ရွက်ပေးနေတဲ့ Online Wallet ကြီးတစ်ခု ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ပိုက်ဆံအိတ်ကြီးကို Online ပေါ်မှာ ထားသလိုပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံအတွက် PayPal က တရားဝင်အသုံးပြုခွင့်မပေးထားဘူးဆိုတာ သိထားဖို့လိုပါတယ် အမှန်အကန် PayPal အကောင့်ဖွင့်ဖို့ paypal အကောင့် verify ဖြစ်ဖို့ ဘာတွေလိုအပ်သလဲ? PayPal အကောင့်တစ်ခုကို တရားဝင် verify ဖြစ်ဖို့အတွက် အောက်ပါအချက်အလက်တွေလိုအပ်ပါတယ်။ နိုင်ငံတစ်ခုရဲ့ တရားဝင် နေရပ်လိပ်စာ နိုင်ငံကူးလက်မှတ် (Passport) သို့...

"Free Beat" တွေရဲ့ နောက်ကွယ်ကအန္တရာယ်

  အွန်လိုင်းပေါ်က Beat အလန်းစားတစ်ခုကို Free Download ဆွဲ Melody ထည့် Lyrics ဖြည့်ပြီး သီချင်းတပုဒ်ဖန်တီးတော့မယ်ဆိုရင် ဒီပိုစ့်ကို ဆုံးအောင်အရင်ဖတ်ဖို့လိုပါမယ်။ ခေတ်ကြီးက အရင်လိုမဟုတ်တော့ဘူး၊ စက္ကန့်နဲ့အမျှ နည်းပညာတိုးတက်မှု အရှိန်ကောင်းနေတဲ့ခေတ်ကြီးမှာ "အခမဲ့" ဆိုတဲ့ Loop, Sample, Beat တွေက ညီကိုတို့ရဲ့ အနုပညာခရီးကို အကြီးအကျယ်ထိခိုက်စေနိုင်တဲ့ မမြင်ရတဲ့ ကန့်သတ်ချက်တွေ ရှိနေနိုင်တဲ့အတွက် သတိထားဖို့လိုပါတယ်။  Social Media မှာ အပျော်သဘောတင်တာက ပြဿနာမရှိပေမယ့်၊  ဒီသီချင်းကို Spotify, Apple Music တို့လို Streaming Platform တွေမှာ Official Release လုပ်မယ်၊ TikTok/ Meta Platforms / YouTube Content ID ယူမယ်ဆိုရင်တော့ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ ခွင့်ပြုချက်မရှိဘဲ Beat, Sample, Loop ကို သုံးမိရင် ဘာတွေဖြစ်လာနိုင်လဲ? ||  YouTube Channel Copyright Strike မိပြီး Channel ပျက်နိုင်ခြင်း ဒါက အဖြစ်အများဆုံးနဲ့ အန္တရာယ်အကြီးဆုံးပါ။ YouTube ရဲ့မူဝါဒအရ  Copyright Strike ၃ ကြိမ်  ပြည့်သွားရင် သင်အချိန်တွေ၊ ငွေတွေ၊ အားတွေအများကြီးစိုက်ထုတ်ပြီး တည်ဆောက်ထားတဲ့  YouTube Chann...

ကမ္ဘာကျော်သီချင်းတွေနဲ့ မြန်မာသီချင်းကောင်းတွေ အခမဲ့နားဆင်လို့ရမယ့် audiomack

  အခပေး ꜱᴛʀᴇᴀᴍꜱ ᴀᴘᴘ တွေကနေ နားဆင်ပေးတာကတော့ ကိုယ်အားပေးတဲ့ ᴀʀᴛɪꜱᴛ တွေအတွက် အထောက်အပံ့ဖြစ်စေပါတယ်။ ဒါပေမယ့်လည်း တယောက်နဲ့တယောက် အခြေအနေမတူကြတဲ့ အနေအထားတခုမှာ တချို့တွေအတွက်တော့ ꜱᴘᴏᴛɪꜰʏ တို့လို အခပေး ᴀᴘᴘ တွေကနေ သီချင်းနာဆင်နိုင်ဖို့အတွက် အခက်ရှိကောင်းရှိနိုင်ပါတယ်။ ဒီလိုသူတွေအတွက် အခမဲ့သီချင်းနားထောင်ရတဲ့ ᴀᴜᴅɪᴏᴍᴀᴄᴋ ဆိုတဲ့ ᴀᴘᴘ တခုကို ɪɴɴᴏʙᴇᴀᴛᴢ ᴍᴜꜱɪᴄ ပရိတ်သတ်တွေအတွက် ညွှန်းပေးချင်ပါတယ် ɪɴɴᴏʙᴇᴀᴛᴢ ᴍᴜꜱɪᴄ အနေနဲ့ ᴀᴜᴅɪᴏᴍᴀᴄᴋ ကို ဘာကြောင့်ညွှန်းရသလဲဆိုတော့ အောက်ကအချက်တွေကြောင့်ဖြစ်ပါတယ်။ - ᴘʟᴀʏ ꜱᴛᴏʀᴇ မှာကော ᴀᴘᴘ ꜱᴛᴏʀᴇ မှာပါ အခမဲ့ ᴅᴏᴡɴʟᴏᴀᴅ ရယူနိုင်ပါတယ်။ - ᴀᴜᴅɪᴏᴍᴀᴄᴋ ကိုအသုံးပြုဖို့အတွက် ᴀᴄᴄᴏᴜɴᴛ ဖွင့်တာကလည်း အခမဲ့ပါပဲ၊ ɢᴍᴀɪʟ အကောင့်တခုရှိရင် ဖွင့်လိုံရပါပြီ။ - မြန်မာ ʀᴀᴘᴘᴇʀ တွေရဲ့ ᴜɴᴅᴇʀɢʀᴏᴜɴᴅ ᴍɪxᴛᴀᴘᴇ တွေကနေစလို့ ᴛᴀʏʟᴏʀ ꜱᴡɪꜰᴛ ᴀʟʙᴜᴍ အသစ်အထိ အကုန်ရှိတယ်။ နိုင်ငံတကာသီချင်း၊ မြန်မာသီချင်းတွေလည်း တော်တော်များများရှိပါတယ်။  - ᴏꜰꜰʟɪɴᴇ နားဆင်ဖို့ သီချင်းကို ᴅᴏᴡɴʟᴏᴀᴅ လုပ်ထားလို့ရပါတယ်။ - ᴛʀᴇɴᴅɪɴɢ ꜱᴏɴɢ တွေကို အလွယ်တကူရှာဖွေလို့ရပြီး ᴘʟᴀʏʟɪꜱᴛ တွေလည်းစိတ်ကြိုက်ဖန်တီးနိုင်ပါတယ်။  - အခြား ꜱᴛʀᴇᴀᴍꜱ ᴘʟᴀᴛ...

Copyright Claim နဲ့ Copyright Strike ဘာကွာလဲ ?

  YouTube Contnet Creator တိုင်း Artist တိုင်းသိရှိထားသင့်တဲ့ အကြောင်းအရာဖြစ်ပါတယ်။ အခြေခံအားဖြင့်သော ကိုယ်တင်လိုက်တဲ့ content (သို့မဟုတ်) သီချင်းဟာ copyright မိနေပြီဆိုရင် ကိုယ့် channel ကနေဝင်ငွေမရနိုင်တော့ပါဘူး။ View အနေနဲ့ပဲ ကိုယ့်ရဲ့ channel ကရရှိပါမယ်။  အဲ့ဒီမှာမှ ဝင်ငွေမရတာအပြင် အန္တရယ်ပေးနိုင်တာကတော့ copyright strike ပါ၊ (၃) ကြိမ်မိတာနဲ့ channel ပျက်သွားမှာဖြစ်ပါတယ်။ Copyright Claim ကတော့ channel တွေအတွက်အန္တရာယ်မရှိပါဘူး။ အကျိုးခံစားခွင့်အရဆိုရင်တော့ Vlogger/Blogger တွေနဲ့ အဆိုတော်တွေကိုခွဲပြောမှရပါမယ်။ Vlogger တွေအတွက်ကတော့ ကိုယ်တင်လိုက်တဲ့ content မှာ copyright claim ခြင်းခံထားရပြီဆိုရင်တော့ ကိုယ့် channel ကနေဝင်ငွေမရရှိနိုင်တော့ပါဘူး။ အဆိုတော်တွေအနေနဲ့ကြတော့ ကိုယ်တင်တဲ့သီချင်းဟာ ကိုယ့်ရဲ့ကိုယ်ပိုင်သီချင်းဖြစ်တယ်၊ ပြီးတော့ Agency တခုခုနဲ့ပဲဖြစ်ဖြစ် Music Distribution Service provider တွေနဲ့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်တိုင် Direct Distributor တွေနဲ့ချိတ်ဆက်ပြီးတော့ပဲဖြစ်ဖြစ်  Content ID / Content Rights / Content Protection ယူထားခဲ့ပြီးသားဆိုရင် YouTube ကတိုက်ရိုက...