Skip to main content

Posts

Showing posts with the label YouTube

YouTube မှာ ကိုယ့်ရဲ့သီချင်းကိုရှာလိုက်ရင် ထိပ်ဆုံးမှာပေါ်နေအောင် ဘယ်လိုလုပ်ဆောင်မလဲ?

  သီချင်းတစ်ပုဒ် / Video တပုဒ် ဘယ်လောက်ကောင်းကောင်း YouTube ရဲ့ Algorithm ကို နားမလည်ရင် ပရိသတ်ဆီ ရောက်ဖို့ ခဲယဉ်းပါတယ်။ Fans Based ခိုင်မာပြီးသား အဆိုတော်တွေကို မဆိုလိုပါဘူး။ ပရိသတ်အခိုင်အမာမရှိသေးတဲ့ YouTuber တွေ အဆိုတော်တွေဆိုရင်တော့ YouTube SEO နဲ့ပတ်သက်ပြီး အတော်အသင့်တော့ သိရှိလိုက်နာဖို့လိုပါတယ်။   YouTube SEO ဆိုတာ ကိုယ့်သီချင်းကို YouTube ရှာဖွေမှုရလဒ်တွေရဲ့ ထိပ်ဆုံးမှာ ပေါ်လာအောင် လုပ်ဆောင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ SEO ရဲ့ အရှည်ကောက်ကတော့  Search Engine Optimization ဖြစ်ပါတယ်။ လူတွေရှာလိုက်တဲ့အခါ ကိုယ့်သီချင်းက ထိပ်ဆုံးမှာ ပေါ်လာဖို့ဆိုရင် YouTube ရဲ့ Algorithm ကို ကိုယ့်သီချင်းအကြောင်း / ကိုယ့်ရဲ့ Video အကြောင်းကို ရှင်းပြနိုင်ဖို့လိုပါတယ်။ ရှင်းပြတယ်ဆိုတာက စကားအဖြစ်နားလည်အောင်ပြောတာပါ၊ ကိုယ့် Video မှာ YouTube ရဲ့ Algorithm နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတခုတည်ဆောက်သွားနိုင်ဖို့   အဆိုတော်တိုင်း သိထားသင့်တဲ့ SEO နည်းလမ်း (၄) ချက်ကို မျှဝေပေးလိုက်ပါတယ်။ ၁။ ခေါင်းစဉ် (Title) ကို စနစ်တကျပေးပါ Title ဟာ Algorithm အတွက်ရော လူတွေအတွက်ပါ ပထမဆုံး ဆွဲဆောင်မှုပါ။ ပုံသေနည်း ▶︎...

𝗬𝗼𝘂𝗧𝘂𝗯𝗲 ကနေ ဝင်ငွေရှာချင်တဲ့ အဆိုတော်တိုင်း သိထားရမယ့် 𝗖𝗼𝗻𝘁𝗲𝗻𝘁 𝗣𝗼𝗹𝗶𝗰𝘆 နဲ့ မူပိုင်ခွင့်အန္တရာယ် 🛑🎵

ဒီနေ့ခေတ်မှာ 𝗬𝗼𝘂𝗧𝘂𝗯𝗲 𝗠𝗼𝗻𝗲𝘁𝗶𝘇𝗮𝘁𝗶𝗼𝗻 (ဝင်ငွေရရှိမှု) လျှောက်ဖို့ဆိုတာ အရင်ကထက် အများကြီး ပိုပြီး ခက်ခဲလာပါတယ်။ ပုံမှန်အားဖြင့်တော့ ကိုယ့် 𝗖𝗵𝗮𝗻𝗻𝗲𝗹 မှာ 𝗦𝘂𝗯𝘀𝗰𝗿𝗶𝗯𝗲𝗿 (၁,၀၀၀) နဲ့ 𝗪𝗮𝘁𝗰𝗵 𝗛𝗼𝘂𝗿𝘀 (၄,၀၀၀) တနှစ်အတွင်း ပြည့်ရင် လျှောက်လို့ရပြီဖြစ်ပေမယ့် တကယ်တမ်း 𝗔𝗽𝗽𝗿𝗼𝘃𝗲 ဖြစ်ဖို့ကတော့ 𝗬𝗼𝘂𝗧𝘂𝗯𝗲 ရဲ့ တင်းကျပ်လှတဲ့ ပေါ်လစီတွေကို သေချာနားလည်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အဆိုတော်တွေ အများဆုံး မှားယွင်းတတ်ပြီး 𝗠𝗼𝗻𝗲𝘁𝗶𝘇𝗮𝘁𝗶𝗼𝗻 ငြင်းပယ်ခံရစေတဲ့ "𝗥𝗲𝘂𝘀𝗲𝗱 𝗖𝗼𝗻𝘁𝗲𝗻𝘁" (ပြန်လည်အသုံးပြုထားသော အကြောင်းအရာ) ပြဿနာအကြောင်းကို ဒီနေ့ အသေးစိတ် ရှင်းပြပေးချင်ပါတယ်။ ၁။ အဆိုတော်တွေ သတိထားရမယ့် "အရင်ဆုံးတင်သူ" မူဝါဒ 𝗬𝗼𝘂𝗧𝘂𝗯𝗲 ရဲ့ စနစ်က 𝗩𝗶𝗱𝗲𝗼 တစ်ခုကို ဘယ်သူက အရင်တင်သလဲဆိုတာကို အဓိက ကြည့်ပါတယ်။ ပထမဆုံး တင်လိုက်တဲ့ 𝗖𝗵𝗮𝗻𝗻𝗲𝗹 ကို မူလပိုင်ရှင် (𝗢𝗿𝗶𝗴𝗶𝗻𝗮𝗹 𝗖𝗿𝗲𝗮𝘁𝗼𝗿) အဖြစ် သတ်မှတ်လေ့ရှိပါတယ်။ ဒီနေရာမှာ အဆိုတော်တွေ အမှားအယွင်း ဖြစ်တတ်တာက - သီချင်းတစ်ပုဒ်ထွက်ပြီဆိုရင် ဖြန့်ချိရေးအတွက် 𝗔𝗴𝗲𝗻𝗰𝘆 တွေ၊ 𝗦𝗲𝗿𝘃𝗶𝗰...

Copyright Claim နဲ့ Copyright Strike ဘာကွာလဲ ?

  YouTube Contnet Creator တိုင်း Artist တိုင်းသိရှိထားသင့်တဲ့ အကြောင်းအရာဖြစ်ပါတယ်။ အခြေခံအားဖြင့်သော ကိုယ်တင်လိုက်တဲ့ content (သို့မဟုတ်) သီချင်းဟာ copyright မိနေပြီဆိုရင် ကိုယ့် channel ကနေဝင်ငွေမရနိုင်တော့ပါဘူး။ View အနေနဲ့ပဲ ကိုယ့်ရဲ့ channel ကရရှိပါမယ်။  အဲ့ဒီမှာမှ ဝင်ငွေမရတာအပြင် အန္တရယ်ပေးနိုင်တာကတော့ copyright strike ပါ၊ (၃) ကြိမ်မိတာနဲ့ channel ပျက်သွားမှာဖြစ်ပါတယ်။ Copyright Claim ကတော့ channel တွေအတွက်အန္တရာယ်မရှိပါဘူး။ အကျိုးခံစားခွင့်အရဆိုရင်တော့ Vlogger/Blogger တွေနဲ့ အဆိုတော်တွေကိုခွဲပြောမှရပါမယ်။ Vlogger တွေအတွက်ကတော့ ကိုယ်တင်လိုက်တဲ့ content မှာ copyright claim ခြင်းခံထားရပြီဆိုရင်တော့ ကိုယ့် channel ကနေဝင်ငွေမရရှိနိုင်တော့ပါဘူး။ အဆိုတော်တွေအနေနဲ့ကြတော့ ကိုယ်တင်တဲ့သီချင်းဟာ ကိုယ့်ရဲ့ကိုယ်ပိုင်သီချင်းဖြစ်တယ်၊ ပြီးတော့ Agency တခုခုနဲ့ပဲဖြစ်ဖြစ် Music Distribution Service provider တွေနဲ့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်တိုင် Direct Distributor တွေနဲ့ချိတ်ဆက်ပြီးတော့ပဲဖြစ်ဖြစ်  Content ID / Content Rights / Content Protection ယူထားခဲ့ပြီးသားဆိုရင် YouTube ကတိုက်ရိုက...

New Artist တွေအတွက် YouTube Subscriber ရဖို့နည်းလမ်းအချို့ (၁)

  YouTube က ပုံမှန်တိုင်းဆို subscriber ရဖို့ခက်ခဲပါတယ်၊ YouTube ကြည့်တဲ့သူတွေက တော်ယုံ ရင်ထဲမထိပဲ subscribe မလုပ်ကြပါဘူး၊ Channel စဖွင့်ဖွင့်ချင်းဆိုရင် ပိုဆိုးပါတယ်၊ အဲ့ဒီမှာ တခုပြောချင်တာက subscriber ဂျင်းတွေ/အတုတွေမဝယ်ပါနဲ့၊ YouTube ရဲ့ AI စနစ်ကမပိန်းပါဘူး၊ ကိုယ့် Video ကိုတစက်မှမကြည့်ပဲ Sbuscriber နိပ်ရုံနိပ်သွားခဲ့ရင် အဲ့ဒီ subscriber ကမကြာခင်ပျောက်သွားမှာပါ၊  || Subscriber ရဖို့ဘယ်လိုလုပ်မလဲ ? New Artist တွေအတွက် ဒါကအခက်အခဲတခုပါပဲ၊ အောင်မြင်နေပြီးသား၊ Flow ပေါ်ရောက်နေပြီးသား Artist တယောက်အတွက်ကတော့ Subscriber 1K နဲ့ Watch Hour 4000 က အေးအေးဆေးဆေးအချိန်တိုအတွင်းရပါတယ်၊ အခုမှ စလုံးရေစမယ့် Artist တွေအတွက်ကတော့ စိန်ခေါ်မှုတခုပါပဲ၊ ခက်လားမေးရင် ခက်ပါတယ်၊ ဒါပေမယ့်ကြိုးစားရင်ဖြစ်ပါတယ်။   အောက်ကအကြံပြုချက်လေးတွေအတိုင်းလိုက်လုပ်ကြည့်ပါနော် Channel တွေ / Page တွေမဖန်တီးခင် တင်ဖို့သီချင်း Ready အရင်လုပ်ပါ၊ အနည်း (၃) ပုဒ်လောက် Ready ပြင်ထားပါ၊ အဲ့ဒီထဲမှာ ပရိတ်သတ်ရင်ထဲထိမယ့် နားထဲစွဲမယ့် သီချင်းမျိုးပါရင်ပိုကောင်းပါတယ်၊ ပေါ်ပင်မှာပျော်ရွှင်တတ်ရင် Trend ပေါ်ရောက်နိုင်မယ့် သီချင်...