YouTube Contnet Creator တိုင်း Artist တိုင်းသိရှိထားသင့်တဲ့ အကြောင်းအရာဖြစ်ပါတယ်။ အခြေခံအားဖြင့်သော ကိုယ်တင်လိုက်တဲ့ content (သို့မဟုတ်) သီချင်းဟာ copyright မိနေပြီဆိုရင် ကိုယ့် channel ကနေဝင်ငွေမရနိုင်တော့ပါဘူး။ View အနေနဲ့ပဲ ကိုယ့်ရဲ့ channel ကရရှိပါမယ်။ အဲ့ဒီမှာမှ ဝင်ငွေမရတာအပြင် အန္တရယ်ပေးနိုင်တာကတော့ copyright strike ပါ၊ (၃) ကြိမ်မိတာနဲ့ channel ပျက်သွားမှာဖြစ်ပါတယ်။ Copyright Claim ကတော့ channel တွေအတွက်အန္တရာယ်မရှိပါဘူး။ အကျိုးခံစားခွင့်အရဆိုရင်တော့ Vlogger/Blogger တွေနဲ့ အဆိုတော်တွေကိုခွဲပြောမှရပါမယ်။ Vlogger တွေအတွက်ကတော့ ကိုယ်တင်လိုက်တဲ့ content မှာ copyright claim ခြင်းခံထားရပြီဆိုရင်တော့ ကိုယ့် channel ကနေဝင်ငွေမရရှိနိုင်တော့ပါဘူး။ အဆိုတော်တွေအနေနဲ့ကြတော့ ကိုယ်တင်တဲ့သီချင်းဟာ ကိုယ့်ရဲ့ကိုယ်ပိုင်သီချင်းဖြစ်တယ်၊ ပြီးတော့ Agency တခုခုနဲ့ပဲဖြစ်ဖြစ် Music Distribution Service provider တွေနဲ့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်တိုင် Direct Distributor တွေနဲ့ချိတ်ဆက်ပြီးတော့ပဲဖြစ်ဖြစ် Content ID / Content Rights / Content Protection ယူထားခဲ့ပြီးသားဆိုရင် YouTube ကတိုက်ရိုက...