လက်ရှိ မြန်မာပြည်မှာ အကြောင်းအမျိုးမျိုးကြောင့် PayPal ကို အသုံးပြုများလာကြပါတယ်။ အဓိကအကြောင်းအရင်းတွေကတော့ Facebook က ဝင်ငွေတွေကို collect လုပ်ဖို့၊ TikTok က ဝင်ငွေတွေကို collect လုပ်ဖို့နဲ့ အခြားသော online ငွေရပေါက်ရလမ်းတွေကနေ ငွေလက်ခံနိုင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း PayPal အကောင့်အရောင်းအဝယ်တွေကို online မှာ အများကြီးတွေ့လာရပါတယ်။ ဒါကြောင့် သတိထားသိထားသင့်တာလေးတွေ လိုရင်းတိုရှင်းပဲပြောချင်ပါတယ်၊ PayPal တို့ Payoneer တို့ဆိုတာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဝန်ဆောင်မှုပေးနေတဲ့ financial service အဖွဲ့အစည်းကြီးတွေဖြစ်ပါတယ်။ Online ပေါ်မှာ ငွေပေးချေမှုတွေ ဆောင်ရွက်ပေးနေတဲ့ Online Wallet ကြီးတစ်ခု ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ပိုက်ဆံအိတ်ကြီးကို Online ပေါ်မှာ ထားသလိုပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံအတွက် PayPal က တရားဝင်အသုံးပြုခွင့်မပေးထားဘူးဆိုတာ သိထားဖို့လိုပါတယ် အမှန်အကန် PayPal အကောင့်ဖွင့်ဖို့ paypal အကောင့် verify ဖြစ်ဖို့ ဘာတွေလိုအပ်သလဲ? PayPal အကောင့်တစ်ခုကို တရားဝင် verify ဖြစ်ဖို့အတွက် အောက်ပါအချက်အလက်တွေလိုအပ်ပါတယ်။ နိုင်ငံတစ်ခုရဲ့ တရားဝင် နေရပ်လိပ်စာ နိုင်ငံကူးလက်မှတ် (Passport) သို့...