အွန်လိုင်းပေါ်က Beat အလန်းစားတစ်ခုကို Free Download ဆွဲ Melody ထည့် Lyrics ဖြည့်ပြီး သီချင်းတပုဒ်ဖန်တီးတော့မယ်ဆိုရင် ဒီပိုစ့်ကို ဆုံးအောင်အရင်ဖတ်ဖို့လိုပါမယ်။ ခေတ်ကြီးက အရင်လိုမဟုတ်တော့ဘူး၊ စက္ကန့်နဲ့အမျှ နည်းပညာတိုးတက်မှု အရှိန်ကောင်းနေတဲ့ခေတ်ကြီးမှာ "အခမဲ့" ဆိုတဲ့ Loop, Sample, Beat တွေက ညီကိုတို့ရဲ့ အနုပညာခရီးကို အကြီးအကျယ်ထိခိုက်စေနိုင်တဲ့ မမြင်ရတဲ့ ကန့်သတ်ချက်တွေ ရှိနေနိုင်တဲ့အတွက် သတိထားဖို့လိုပါတယ်။ Social Media မှာ အပျော်သဘောတင်တာက ပြဿနာမရှိပေမယ့်၊ ဒီသီချင်းကို Spotify, Apple Music တို့လို Streaming Platform တွေမှာ Official Release လုပ်မယ်၊ TikTok/ Meta Platforms / YouTube Content ID ယူမယ်ဆိုရင်တော့ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ ခွင့်ပြုချက်မရှိဘဲ Beat, Sample, Loop ကို သုံးမိရင် ဘာတွေဖြစ်လာနိုင်လဲ? || YouTube Channel Copyright Strike မိပြီး Channel ပျက်နိုင်ခြင်း ဒါက အဖြစ်အများဆုံးနဲ့ အန္တရာယ်အကြီးဆုံးပါ။ YouTube ရဲ့မူဝါဒအရ Copyright Strike ၃ ကြိမ် ပြည့်သွားရင် သင်အချိန်တွေ၊ ငွေတွေ၊ အားတွေအများကြီးစိုက်ထုတ်ပြီး တည်ဆောက်ထားတဲ့ YouTube Chann...