Skip to main content

Posts

Showing posts with the label Artist Tips

AI နဲ့ဖန်တီးထားတဲ့ Music တွေက သင့်ရဲ့မူပိုင်ခွင့်တစိတ်တပိုင်းကိုထိခိုက်နိုင်ပါတယ်

  အခုနောက်ပိုင်း Music Production ပိုင်းမှာ Suno လိုမျိုး AI ကို အသုံးပြုပြီး သီချင်းတွေ ဖန်တီးလာကြတာဟာ တက်သစ်စအဆိုတော်တွေကြားထဲမှာ အလွန်ရေပန်းစားလာပါတယ်။ ဒါပေမဲ့ ဒီ "လွယ်ကူမှု" ရဲ့ နောက်ကွယ်မှာ အနုပညာရှင်တစ်ယောက်အတွက် အလွန်အန္တရာယ်များတဲ့ မူပိုင်ခွင့်ဆိုင်ရာ ဆိုင်ရာအကြောင်းအရာတွေ ရှိနေပါတယ်။ ၁။ ကိုယ်ဖန်တီးပေမဲ့ ကိုယ်အမှန်တကယ် မပိုင်ဆိုင်ခြင်း AI က ထုတ်ပေးလိုက်တဲ့ Music တွေ၊ သံစဉ်တွေဟာ နိုင်ငံတကာ မူပိုင်ခွင့်ဥပဒေအရ "Human Creativity" (လူသားရဲ့ ဖန်တီးမှု) ထဲမှာ မပါဝင်သေးပါဘူး။ ဆိုလိုတာက အဲ့ဒီသီချင်းကို သင်ကပဲ Prompt ပေးပြီး လုပ်ခိုင်းတာမှန်ပေမဲ့၊ ဥပဒေအရ သင်ဟာ ထိုသီချင်းရဲ့ "တစ်ဦးတည်းသော မူပိုင်ရှင်" အဖြစ် သတ်မှတ်ခံရဖို့ ခဲယဉ်းပါတယ်။ ၂။ 𝗦𝘁𝗿𝗲𝗮𝗺𝗶𝗻𝗴 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺𝘀 တွေရဲ့ ငြင်းပယ်မှု (𝗗𝗶𝘀𝘁𝗿𝗶𝗯𝘂𝘁𝗶𝗼𝗻 𝗜𝘀𝘀𝘂𝗲) Ditto, CD Baby, DistroKid စတဲ့ Music Distributor တွေဟာ အခုနောက်ပိုင်း AI-generated content တွေကို အရမ်းစစ်ဆေးလာပါပြီ။ AI အစအနလေးတွေ ပါဝင်နေတာနဲ့တင် International Streaming Platforms (Spotify, Apple Music) တွေပေါ် တင်ခွင့်မရတော့တာမျိ...

Spotify က Blue Mark ပေးတဲ့စနစ်ကို ဖျက်သိမ်းလိုက်ပါပြီ

  ကိုယ့်ရဲ့ Spotify Profile Name ဘေးက  "အပြာရောင်အမှန်ခြစ်" လေး ပျောက်သွားတာ သတိထားမိကြလား? Artist တိုင်းအတွက် Spotify မှာ Verified ဖြစ်တယ်ဆိုတဲ့ "Blue Checkmark" လေး ရထားတာက တကယ့်ကို ဂုဏ်ယူစရာတစ်ခုပါ။ ဒါပေမဲ့ အခုတော့ အဲ့ဒီ အပြာရောင်အမှန်ခြစ်လေးတွေကို Spotify က တရားဝင် ဖြုတ်ချလိုက်ပါပြီ။ Artist တွေကြားထဲ တော်တော်လေး ဂယက်ရိုက်သွားတဲ့ ဒီ Update အသစ်အကြောင်း သေချာလေး ရှင်းပြပေးချင်ပါတယ်။ ဘာတွေပြောင်းသွားတာလဲ?   ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက် (၂၀၂၆) ကစပြီး Spotify ဟာ နာမည်ဘေးက "Verified Artist" အပြာရောင် အမှန်ခြစ်လေးကို ဖယ်ရှားလိုက်တာပါ။ အဲ့ဒီအစား Profile ရဲ့ "About" section မှာ "Registered Artist" ဆိုတဲ့ စာသားလေးနဲ့ အစားထိုးလိုက်ပါတယ်။ ဘာလို့ ဒီလိုလုပ်ရတာလဲ?   အဓိကကတော့ နားဆင်သူတွေအတွက် ပွင့်လင်းမြင်သာမှု (Transparency) ရှိအောင်လို့ပါ။ အရင်က Blue Tick ကိုမြင်ရင် ပရိသတ်တွေက ဒီအဆိုတော်ဟာ အရမ်းနာမည်ကြီးလို့၊ ဒါမှမဟုတ် Spotify က အထူးအသိအမှတ်ပြု (Endorse) ထားလို့ဆိုပြီး အထင်လွဲတာတွေ ရှိခဲ့ပါတယ်။ တကယ်တော့ အဲ့ဒီ အမှန်ခြစ်ရဲ့ မူလအဓိပ္ပာယ်က ဒီ Profile...