Skip to main content

Spotify က Blue Mark ပေးတဲ့စနစ်ကို ဖျက်သိမ်းလိုက်ပါပြီ


 

ကိုယ့်ရဲ့ Spotify Profile Name ဘေးက  "အပြာရောင်အမှန်ခြစ်" လေး ပျောက်သွားတာ သတိထားမိကြလား?

Artist တိုင်းအတွက် Spotify မှာ Verified ဖြစ်တယ်ဆိုတဲ့ "Blue Checkmark" လေး ရထားတာက တကယ့်ကို ဂုဏ်ယူစရာတစ်ခုပါ။ ဒါပေမဲ့ အခုတော့ အဲ့ဒီ အပြာရောင်အမှန်ခြစ်လေးတွေကို Spotify က တရားဝင် ဖြုတ်ချလိုက်ပါပြီ။

Artist တွေကြားထဲ တော်တော်လေး ဂယက်ရိုက်သွားတဲ့ ဒီ Update အသစ်အကြောင်း သေချာလေး ရှင်းပြပေးချင်ပါတယ်။

ဘာတွေပြောင်းသွားတာလဲ? 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက် (၂၀၂၆) ကစပြီး Spotify ဟာ နာမည်ဘေးက "Verified Artist" အပြာရောင် အမှန်ခြစ်လေးကို ဖယ်ရှားလိုက်တာပါ။ အဲ့ဒီအစား Profile ရဲ့ "About" section မှာ "Registered Artist" ဆိုတဲ့ စာသားလေးနဲ့ အစားထိုးလိုက်ပါတယ်။

ဘာလို့ ဒီလိုလုပ်ရတာလဲ? 

အဓိကကတော့ နားဆင်သူတွေအတွက် ပွင့်လင်းမြင်သာမှု (Transparency) ရှိအောင်လို့ပါ။ အရင်က Blue Tick ကိုမြင်ရင် ပရိသတ်တွေက ဒီအဆိုတော်ဟာ အရမ်းနာမည်ကြီးလို့၊ ဒါမှမဟုတ် Spotify က အထူးအသိအမှတ်ပြု (Endorse) ထားလို့ဆိုပြီး အထင်လွဲတာတွေ ရှိခဲ့ပါတယ်။

တကယ်တော့ အဲ့ဒီ အမှန်ခြစ်ရဲ့ မူလအဓိပ္ပာယ်က ဒီ Profile ကို Artist (ဒါမှမဟုတ် သူ့အဖွဲ့) က Spotify for Artists ကနေတဆင့် တရားဝင် Claim လုပ်ပြီး သေချာ Manage လုပ်နေတယ်ဆိုတာကို ပြတာ သက်သက်ပါပဲ။ ဒါကြောင့် လူတွေအထင်မလွဲအောင်၊ ပိုပြီး တိကျမှန်ကန်အောင် "Verified" အစား "Registered" လို့ ပြောင်းလဲသုံးစွဲလိုက်တာ ဖြစ်ပါတယ်။

Artist တွေအတွက် ဘာတွေ ထိခိုက်သွားလဲ? 

အဖြေကတော့ လုံးဝ (လုံးဝ) ဘာမှမထိခိုက်ပါဘူး။ ဒီအပြောင်းအလဲအတွက် လန့်သွားစရာ မလိုပါဘူး။

  • ဒါက မျက်စိရှေ့မှာမြင်ရတဲ့ အသွင်အပြင် (Visual change) သက်သက်ပါ။

  • ကိုယ့်သီချင်းရဲ့ Algorithm, Discovery နဲ့ Playlisting တွေအပေါ် ဘာသက်ရောက်မှုမှ မရှိပါဘူး။

  • ကိုယ်ရမယ့် Royalty ဝင်ငွေတွေ၊ Spotify for Artists က သုံးနေကျ Tool တွေ အားလုံး အရင်အတိုင်း ပုံမှန်ပါပဲ။

  • Artist တွေဘက်က ဘာမှ ဝင်လုပ်ပေးစရာမလိုဘဲ အလိုအလျောက် (Automatic) ပြောင်းသွားတာပါ။

အချုပ်ပြောရရင်တော့ အပြာရောင်အမှန်ခြစ်လေးကို ကြည့်ပြီး ဂုဏ်ယူခဲ့ရတဲ့ ခံစားချက်လေး ပျောက်သွားတာကလွဲရင် ကျန်တာအားလုံး Safe ဖြစ်ပါတယ်။ ဒါကြောင့် စိတ်အေးအေးထားပြီး ပရိသတ်တွေအတွက် သီချင်းကောင်းတွေ ဆက်လက်ဖန်တီးကြဖို့ပဲ ရှိပါတော့တယ်ဗျာ။

Comments

Popular posts from this blog

အဆိုတော်တိုင်း မဖြစ်မနေ သိထားသင့်တဲ့ ISRC နဲ့ UPC ကုဒ်အကြောင်း

  အဆိုတော်တိုင်း မဖြစ်မနေ သိထားသင့်တဲ့ ISRC နဲ့ UPC ကုဒ်အကြောင်း ယနေ့ခေတ်မှာ ကိုယ်က သီချင်းသီဆိုသူ အဆိုရှင်၊ အဆိုတော် (Artist) တစ်ယောက်ဆိုရင် ISRC နဲ့ UPC အကြောင်းကို သိထားဖို့ လုံးဝလိုအပ်ပါတယ်။ ISRC (International Standard Recording Code) ISRC ဆိုတာက သီချင်းတစ်ပုဒ်ချင်းစီ (သို့မဟုတ်) အသံသွင်းယူမှု (Recording) တစ်ခုချင်းစီအတွက် သီးသန့်သတ်မှတ်ပေးထားတဲ့ "ဒစ်ဂျစ်တယ်လက်ဗွေရာ" (Digital Fingerprint) ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာ အသိအမှတ်ပြု ကုဒ်နံပါတ်တစ်ခုလည်း ဖြစ်ပါတယ်။ ISRC ကုဒ် ဖွဲ့စည်းပုံ (ဥပမာ)  ISRC ကုဒ်မှာ အက္ခရာနဲ့ ဂဏန်း စုစုပေါင်း ၁၂ လုံး ပါဝင်ပါတယ်။ ဥပမာ -  US-S1Z-24-00001 US:  နိုင်ငံကုဒ် (Country Code) S1Z:  ထုတ်ဝေသူ ကုဒ် (Issuer Code) 24:  ထုတ်လုပ်သည့် ခုနှစ် (Year of Reference - 2024) 00001:  သီချင်းစဉ် (Designation Code) ဘယ်လိုအသုံးဝင်သလဲ? ခြေရာခံခြင်း (Tracking):  သီချင်းတစ်ပုဒ်ကို ဘယ်နေရာမှာ၊ ဘယ်နှစ်ကြိမ် နားထောင်ခဲ့လဲ (Stream)၊ ဒေါင်းလုပ် (Download) ဆွဲခဲ့လဲဆိုတာကို ခြေရာခံနိုင်ပါတယ်။ ဥပမာ - Spotify, Apple Music, YouTube စတဲ့ Platform တွေ...

New Artist တွေအတွက် YouTube Subscriber ရဖို့နည်းလမ်းအချို့ (၁)

  YouTube က ပုံမှန်တိုင်းဆို subscriber ရဖို့ခက်ခဲပါတယ်၊ YouTube ကြည့်တဲ့သူတွေက တော်ယုံ ရင်ထဲမထိပဲ subscribe မလုပ်ကြပါဘူး၊ Channel စဖွင့်ဖွင့်ချင်းဆိုရင် ပိုဆိုးပါတယ်၊ အဲ့ဒီမှာ တခုပြောချင်တာက subscriber ဂျင်းတွေ/အတုတွေမဝယ်ပါနဲ့၊ YouTube ရဲ့ AI စနစ်ကမပိန်းပါဘူး၊ ကိုယ့် Video ကိုတစက်မှမကြည့်ပဲ Sbuscriber နိပ်ရုံနိပ်သွားခဲ့ရင် အဲ့ဒီ subscriber ကမကြာခင်ပျောက်သွားမှာပါ၊  || Subscriber ရဖို့ဘယ်လိုလုပ်မလဲ ? New Artist တွေအတွက် ဒါကအခက်အခဲတခုပါပဲ၊ အောင်မြင်နေပြီးသား၊ Flow ပေါ်ရောက်နေပြီးသား Artist တယောက်အတွက်ကတော့ Subscriber 1K နဲ့ Watch Hour 4000 က အေးအေးဆေးဆေးအချိန်တိုအတွင်းရပါတယ်၊ အခုမှ စလုံးရေစမယ့် Artist တွေအတွက်ကတော့ စိန်ခေါ်မှုတခုပါပဲ၊ ခက်လားမေးရင် ခက်ပါတယ်၊ ဒါပေမယ့်ကြိုးစားရင်ဖြစ်ပါတယ်။   အောက်ကအကြံပြုချက်လေးတွေအတိုင်းလိုက်လုပ်ကြည့်ပါနော် Channel တွေ / Page တွေမဖန်တီးခင် တင်ဖို့သီချင်း Ready အရင်လုပ်ပါ၊ အနည်း (၃) ပုဒ်လောက် Ready ပြင်ထားပါ၊ အဲ့ဒီထဲမှာ ပရိတ်သတ်ရင်ထဲထိမယ့် နားထဲစွဲမယ့် သီချင်းမျိုးပါရင်ပိုကောင်းပါတယ်၊ ပေါ်ပင်မှာပျော်ရွှင်တတ်ရင် Trend ပေါ်ရောက်နိုင်မယ့် သီချင်...

Apple Music / Spotify တို့လို Streaming Platforms တွေမှာသီချင်းတင်ရင် ဝင်ငွေဘယ်လိုပေးလဲ? ဘယ်လောက်ရနိုင်လဲ?

  အဆိုတော်တွေတော်တော်များများ အမေးများပြီး သိချင်နေကြတဲ့ အကြောင်းအရာဖြစ်ပါတယ်။ တကယ်သိချင်တယ်ဆိုရင် ဒီဆောင်းပါးကို အစအဆုံးကို ဖတ်ဖို့အကြံပြုချင်ပါတယ်။  ဘယ်လောက်ရနိုင်လဲဆိုတာ မပြောခင်   Spotify , Apple Music တို့လို Streaming Platforms တွေမှာ သီချင်းတင်ရင် ပိုက်ဆံတကယ်ရလား? ဆိုတဲ့ အကြောင်းအရာကို အရင်ရေးခဲ့ဘူးတဲ့ ဆောင်းပါးတပုဒ်က စာစုတချို့ကို လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် update လုပ်ပြီး ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ ဝင်ငွေရနိုင်လားဆိုရင် ?  ရနိုင်ပါတယ်၊ တကယ်ရပါတယ်၊ ဒါပေမယ့် နားထောင်မယ့်   ကိုယ့်ရဲ့ပရိတ်သတ်ရှိဖို့လိုပါတယ်။ နားထောင်တဲ့အကြိမ်အရေအတွက်ပေါ်မှာ (on per stream) အခြေခံပြီးရရှိတာဖြစ်ပါတယ်။ နားထောင်တဲ့သူမရှိရင် ဘာဝင်ငွေမှမရပါဘူး၊ နားထောင်တဲ့ ၁၀ ဂဏန်း၊ ရာဂဏန်း လောက်နဲ့လည်း ဘာမှသိပ်အလုပ်မဖြစ်ပါဘူး။ streaming platforms တွေမှာ ကိုယ့်သီချင်းတွေကိုပုံမှန်နားထောင်ပေးမယ့် ထောင်ဂဏန်း၊ သောင်းဂဏန်း / သိန်းဂဏန်း ပရိတ်သတ်ရှိမှ သိသာတဲ့ဝင်ငွေပမာဏရရှိမှာဖြစ်ပါတယ်။ အဓိကကတော့ ဝင်ငွေရရှိနိုင်တဲ့ Streaming Platforms တွေကနေ ကိုယ့်သီချင်းကို အားပေးနားဆင်ပေးမယ့် ပရိတ်သတ်အခိုင်အမာရှိမ...