ကိုယ့်ရဲ့ Spotify Profile Name ဘေးက "အပြာရောင်အမှန်ခြစ်" လေး ပျောက်သွားတာ သတိထားမိကြလား? Artist တိုင်းအတွက် Spotify မှာ Verified ဖြစ်တယ်ဆိုတဲ့ "Blue Checkmark" လေး ရထားတာက တကယ့်ကို ဂုဏ်ယူစရာတစ်ခုပါ။ ဒါပေမဲ့ အခုတော့ အဲ့ဒီ အပြာရောင်အမှန်ခြစ်လေးတွေကို Spotify က တရားဝင် ဖြုတ်ချလိုက်ပါပြီ။ Artist တွေကြားထဲ တော်တော်လေး ဂယက်ရိုက်သွားတဲ့ ဒီ Update အသစ်အကြောင်း သေချာလေး ရှင်းပြပေးချင်ပါတယ်။ ဘာတွေပြောင်းသွားတာလဲ? ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက် (၂၀၂၆) ကစပြီး Spotify ဟာ နာမည်ဘေးက "Verified Artist" အပြာရောင် အမှန်ခြစ်လေးကို ဖယ်ရှားလိုက်တာပါ။ အဲ့ဒီအစား Profile ရဲ့ "About" section မှာ "Registered Artist" ဆိုတဲ့ စာသားလေးနဲ့ အစားထိုးလိုက်ပါတယ်။ ဘာလို့ ဒီလိုလုပ်ရတာလဲ? အဓိကကတော့ နားဆင်သူတွေအတွက် ပွင့်လင်းမြင်သာမှု (Transparency) ရှိအောင်လို့ပါ။ အရင်က Blue Tick ကိုမြင်ရင် ပရိသတ်တွေက ဒီအဆိုတော်ဟာ အရမ်းနာမည်ကြီးလို့၊ ဒါမှမဟုတ် Spotify က အထူးအသိအမှတ်ပြု (Endorse) ထားလို့ဆိုပြီး အထင်လွဲတာတွေ ရှိခဲ့ပါတယ်။ တကယ်တော့ အဲ့ဒီ အမှန်ခြစ်ရဲ့ မူလအဓိပ္ပာယ်က ဒီ Profile...