တေးသံရှင်တော်တော်များများ အထူးသဖြင့် TikTok Royalty နဲ့ပတ်သက်ပြီး နားလည်မှုလွဲနေတာလေးတွေရှိပါတယ်။
"ကျွန်တော် / ကျွန်မရဲ့ အကောင့်မှာ သီချင်းကိုသုံးပြီးလုပ်ထားတဲ့ Video ရဲ့ View က သိန်းချီရှိတယ်၊
ဘာလို့ တကျပ်မှမရတာလဲ !@#$%^&*@#$%%"
ဟုတ်ကဲ့ အဲ့တာလေးရှင်းပြချင်ပါတယ်။
သင့်ကိုယ်ပိုင် TikTok Video က Views များရုံနဲ့ ပိုက်ဆံမရပါ
သင့်ရဲ့ TikTok အကောင့်မှာ သင်ကိုယ်တိုင်တင်ထားတဲ့ သီချင်းဗီဒီယိုက Views တွေသိန်းကျော်သွားတာဟာ လူကြီးမင်းရဲ့သီချင်းအတွက် ကောင်းမွန်တဲ့ ပရိုမိုးရှင်းတစ်ခုဖြစ်ပေမယ့်၊ အဲ့ဒီ Views အရေအတွက်ပေါ်မူတည်ပြီး TikTok က တိုက်ရိုက် ပိုက်ဆံပေးတာ မဟုတ်ပါဘူး။
ဒါဟာ YouTube လို ကြော်ငြာဝင်ငွေ (Ad Revenue) ရတဲ့ပုံစံနဲ့ လုံးဝကွဲပြားပါတယ်။
TikTok ကနေ သီချင်းအတွက် Royalty Income ဘယ်လိုရတာလဲ?
TikTok ရဲ့ Royalty စနစ်က Spotify တို့ Apple Music တို့လို "တစ်ခါနားထောင်ရင် ဘယ်လောက်" (per-stream) ဆိုတဲ့ ပုံစံမဟုတ်ပါဘူး။ သူတို့ရဲ့ စနစ်က ဒီလိုအလုပ်လုပ်ပါတယ်-
|| လူကြီးမင်းရဲ့သီချင်းကို တခြားသူတွေက သူတို့ရဲ့ ဗီဒီယိုတွေမှာ သုံးစွဲခြင်း (Video Creations)
ဝင်ငွေရရှိဖို့အတွက် အဓိက မောင်းနှင်အားက သင့်ရဲ့ သီချင်း (Sound) ကို တခြား TikTok အသုံးပြုသူတွေက သူတို့ရဲ့ ဗီဒီယိုအသစ်တွေမှာ နောက်ခံတေးဂီတအဖြစ် ဘယ်လောက်အကြိမ်အရေအတွက် သုံးစွဲခဲ့သလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။
သင့်ရဲ့ ဗီဒီယိုတစ်ခုတည်းက Views တစ်သန်းရှိတာထက်၊ သင့်သီချင်းကိုသုံးပြီး တခြားသူတွေက ဗီဒီယို အခု ၁,၀၀၀ ဖန်တီး (create) တာက ဝင်ငွေရစေပါတယ်။
TikTok က သူတို့ရဲ့ Royalty Pool ထဲကနေ သီချင်းအသုံးပြုခံရမှု အကြိမ်အရေအတွက်အလိုက် အချိုးကျခွဲဝေပေးတာဖြစ်ပါတယ်။
ဒါကြောင့် သီချင်းထွက်ပြီးရင် TikTok မှာ Promote လုပ်ဖို့မမေ့ပါနဲ့နော်၊ ကိုယ့်သီချင်းကို သူတို့ရဲ့ Video တွေမှာ သုံးစွဲချင်အောင် အများစု Heart ထိစေမယ့် တမိနစ်စာလေးကိုဖြတ် လိုက်ဖက်မယ့်ပုံစံလေးနဲ့ ဆွေးသင့်လည်းဆွေး၊ ကသင့်လည်းက challage လုပ်နိုင်ရင်လည်း လုပ်ပါ၊
အစအဆုံးဖတ်ရှူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဒီစာက ကျွန်တော်တို့ အတွေ့အကြုံအပေါ်အခြေခံပြီး လေ့လာနေဆဲသင်ယူနေဆဲ လူတယောက်အနေနဲ့ သိသလောက်မှတ်သလောက် ဝေမျှပေးတာဖြစ်တဲ့အတွက် လိုအပ်ချက်များရင်ရှိခဲ့ရင်တောင်းပန်ပါတယ်။
ကိုယ့်အတွက်တခုခုရသွားတယ်ဆိုရင်တော့ Like & Share Please ပါ။ ကျေးဇူးတင်ပါတယ်။

Comments
Post a Comment