Skip to main content

New Artist တွေအတွက် YouTube Subscriber ရဖို့နည်းလမ်းအချို့ (၁)


 

YouTube က ပုံမှန်တိုင်းဆို subscriber ရဖို့ခက်ခဲပါတယ်၊ YouTube ကြည့်တဲ့သူတွေက တော်ယုံ ရင်ထဲမထိပဲ subscribe မလုပ်ကြပါဘူး၊ Channel စဖွင့်ဖွင့်ချင်းဆိုရင် ပိုဆိုးပါတယ်၊ အဲ့ဒီမှာ တခုပြောချင်တာက subscriber ဂျင်းတွေ/အတုတွေမဝယ်ပါနဲ့၊ YouTube ရဲ့ AI စနစ်ကမပိန်းပါဘူး၊ ကိုယ့် Video ကိုတစက်မှမကြည့်ပဲ Sbuscriber နိပ်ရုံနိပ်သွားခဲ့ရင် အဲ့ဒီ subscriber ကမကြာခင်ပျောက်သွားမှာပါ၊ 


|| Subscriber ရဖို့ဘယ်လိုလုပ်မလဲ ?

New Artist တွေအတွက် ဒါကအခက်အခဲတခုပါပဲ၊ အောင်မြင်နေပြီးသား၊ Flow ပေါ်ရောက်နေပြီးသား Artist တယောက်အတွက်ကတော့ Subscriber 1K နဲ့ Watch Hour 4000 က အေးအေးဆေးဆေးအချိန်တိုအတွင်းရပါတယ်၊ အခုမှ စလုံးရေစမယ့် Artist တွေအတွက်ကတော့ စိန်ခေါ်မှုတခုပါပဲ၊ ခက်လားမေးရင် ခက်ပါတယ်၊ ဒါပေမယ့်ကြိုးစားရင်ဖြစ်ပါတယ်။  

အောက်ကအကြံပြုချက်လေးတွေအတိုင်းလိုက်လုပ်ကြည့်ပါနော်

Channel တွေ / Page တွေမဖန်တီးခင် တင်ဖို့သီချင်း Ready အရင်လုပ်ပါ၊ အနည်း (၃) ပုဒ်လောက် Ready ပြင်ထားပါ၊ အဲ့ဒီထဲမှာ ပရိတ်သတ်ရင်ထဲထိမယ့် နားထဲစွဲမယ့် သီချင်းမျိုးပါရင်ပိုကောင်းပါတယ်၊ ပေါ်ပင်မှာပျော်ရွှင်တတ်ရင် Trend ပေါ်ရောက်နိုင်မယ့် သီချင်းမျိုးဖန်တီးထားနိုင်ရင် ပိုကောင်းပါတယ်၊

တင်ဖို့သီချင်းတွေရှိပြီဆိုရင် YouTube Channel အပြင် Facebook Page ကိုပါတပြိုင်နက် စနစ်တကျဖွင့်ပါ၊ Page ရှိပြီးသားဆိုရင်တော့ တပ်ဖွင့်စရာမလိုပါဘူး၊ Facebook Page မှာ YouTube Channel Link နဲ့ တခြား social Network Link တွေရှိရင်လည်းချိတ်ထားပါ၊ 

YouTube ထက် Facebook Page ကိုအသက်သွင်းရတာပိုလွယ်တာမို့ Facebook Page ကိုအရင်အသက်သွင်းပါ၊ အကြောင်းကတော့ ကိုယ့်ကိုလူမြန်မြန်သိဖို့အတွက် ဦးစားပေးရမှာမို့ပါ၊ Page မှာ Follower တွေများလာရင် YouTube အတွက်လည်းအထောက်အပံ့ဖြစ်ပါတယ်၊ ဒါကြောင့်ပါ၊ 
Page ဖွင့်ပြီးသွားရင် သီချင်းတွေကို ချက်ချင်းတင်တာထက် ကိုယ်တင်မယ့်သီချင်းတွေနဲ့ဆိုင်တဲ့ ဓါတ်ပုံတွေ၊ Content တွေ၊ Making တွေရှိထားရင်လည်းတင်ပါ၊ ကိုယ်ကိုကိုယ်ချောတယ်လို့ထင်ရင်လည်း ပုံတွေတင်ပါ 
သူငယ်ချင်းမိတ်ဆွေတွေကို Like & Follow, Share အကူအညီတောင်းပါ၊ (အရမ်းတော့မမျှော်လင့်ထားပါနဲ့၊ ကိုယ့်ကို့အမြင့်ရောက်ဖို့ကူတွန်းပေးမယ့် မိတ်ဆွေကောင်းဆိုတာရှားပါတယ်၊ သူစိမ်းတွေကပဲ ကိုယ့်ကိုအစစ်အမှန်အားပေးမှာပါ) ကိုယ်တိုင်လည်း Facebook အကောင့်နောက်တခုဖွင့်ထားပြီး ကိုယ့်သီချင်းကို အဲ့ဒီအကောင့်နဲ့ Group တွေမှာ share ပါ၊ (တမျိုးတော့တမျိုးကြီးပေါ့ ဒါပေမယ့်လုပ်ပါ) တခုသတိထားရမှာက Page မှာ admin ဖြစ်နေတဲ့အကောင့်နဲ့တော့ မ share ပါနဲ့ 

ပိုက်ဆံသုံးနိုင်ရင်/ မြန်မြန်ခရီးရောက်ချင်ရင် Page ကို Boost လုပ်လို့ရပါတယ်၊ Page ကို Boost တာထက် သီချင်းပိုစ့်ကို Boost တာပိုအားပေးပါတယ်၊ ကိုယ့်သီချင်းကိုကြိုက်ပြီး Follow လုပ်တဲ့ Follower အစစ်အမှန်တွေရပါလိမ့်မယ်၊ Follower တက်တာတော့နှေးပါလိမ့်မယ်၊ Page Follower အမြန်တက်ချင်တယ်ဆိုရင်တော့ Page ကိုလည်း Boost ပါ၊ မြန်မြန်ခရီးရောက်ပါတယ်၊ 

Facebook Page ကနေ သီချင်းတွေတင်တိုင်း YouTube မှာလည်းတင်ပါ၊ YouTube Link ကို  comment မှာဖြစ်ဖြစ် ထည့်ထားပါ၊Post မှာမထည့်ပါနဲ့ ၊ ကိုယ့်ရဲ့ YouTube Channel ကို subscribe လုပ်ဖို့လည်းပိုစ့်တင်ပြီး တိုက်တွန်းပါ၊ Facebook Page မှာ သီချင်းကို Boost တဲ့အခါ YouTube Link နဲ့ပါတွဲပြီး Boost လို့ရပါတယ်၊ page မှာလည်း View တက်မယ် YouTube မှာလည်း View တက်ပါလိမ့်မယ်၊ နှစ်သီးစားရပါလိမ့်မယ်။

YouTube မှာသီချင်းတင်တဲ့အခါ ခေါင်းစဉ်သေချာရေးပါ၊ နိုင်ငံတကာအဆိုတော်တွေ Local ကနာမည်ကြီးအဆိုတော်တွေ YouTube မှာသီချင်းတင်တဲ့အခါ Title ရေးတဲ့ပုံစံကိုလေ့လာ ကိုးကားပါ၊အရမ်းအရေးကြီးပါတယ်၊ သီချင်းပိုစ့်မှာ သီချင်းနဲ့ဆိုင်တဲ့ အကြောင်းအရာတွေ တေးရေး၊ music၊ Mixing & Mastering ဘယ်သူဘယ်ဝါထည့်ပါ၊ # / Tag. Keywords တွေထည့်ပါ၊ သီချင်း Video Cover Thumbnail ကို ကိုယ့် Video ကိုမြင်တဲ့အခါ ဝင်ကြည့်ချင်စိတ်ဖြစ်အောင် ဖန်တီးပါ။  

|| Boost ဆိုတာ ?
Boost လုပ်တိုင်းလည်းလူတွေက ကိုယ့်သီချင်းကိုကြိုက်မှာမဟုတ်ပါဘူး၊ Boost လုပ်တယ်ဆိုတာ လူများများမြင်အောင် ကြော်ငြာတာပါ၊ ပုံမှန်ဒီအတိုင်းပဲတင်တယ်ဆိုရင် ကိုယ့်ရဲ့ page မှာ Follower တစ်ထောင်ရှိရင် လူ ၁၀၀ မြင်ရဖို့မလွယ်ပါဘူး၊ Boost တယ်ဆိုတာက ကိုယ့်သီချင်းကိုကြိုက်နိုင်မယ့်သူတွေရဲ့ NewsFeed တွေမှာ ကိုယ့်သီချင်းကိုဖေါ်ပြပေးတာဖြစ်ပါတယ်၊ကိုယ့်သီချင်းကိုတွေ့ပေမယ့် သီချင်းကိုဖွင့်ကြည့်ချင်အောင်လည်း Thumbnail Design နဲ့ Caption ကလည်းအရမ်းကိုအရေးကြီးပါတယ်၊ Caption ကောင်းမှ ကိုယ့်သီချင်းကိုဖွင့်ကြည့်မှာပါ၊ ဖွင့်ကြည့်ပြီး ကိုယ့်ပရိတ်သတ်ဖြစ်လာမလာကတော့ ကိုယ့်သီချင်းနဲ့ပဲဆိုင်ပါတယ်၊ လိုရင်းကတော့ ကိုယ်ဖန်တီးထားတဲ့ သီချင်းကောင်းရင် Result ကောင်းပါမယ်၊

Boost မလုပ်ပဲနဲ့လည်း ကိုယ့်သီချင်းကကောင်းရင် share ချင်လောက်အောင် Heart ထိအောင်ဖန်တီးနိုင်ရင်လည်း Boost စရာမလိုပဲ လူသိများလာနိုင်ပါတယ်၊ 

အပေါ်ကအကြံပြုချက်တွေက ဒီစာကိုရေးတဲ့ Admin ရဲ့ အတွေ့အကြုံနဲ့တင်ပြထားတာဖြစ်ပါတယ်၊ လူတိုင်းအတွက်မှန်ချင်မှမှန်မှာမို့ ကိုယ်နဲ့ကိုက်မှ ယူသုံးပါ၊ အစအဆုံးဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်၊ 

Artist တွေအကျိုးရှိမယ့် ပိုစ့်တွေ အမြဲတင်ပေးသွားမှာမို့ page ကို Like & Share လုပ်ပြီး မေတ္တာတွေပေးသွားပါဦး 

// ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ share လိုက share နိုင်ပါသည်  //

 

Comments

Popular posts from this blog

အဆိုတော်တိုင်း မဖြစ်မနေ သိထားသင့်တဲ့ ISRC နဲ့ UPC ကုဒ်အကြောင်း

  အဆိုတော်တိုင်း မဖြစ်မနေ သိထားသင့်တဲ့ ISRC နဲ့ UPC ကုဒ်အကြောင်း ယနေ့ခေတ်မှာ ကိုယ်က သီချင်းသီဆိုသူ အဆိုရှင်၊ အဆိုတော် (Artist) တစ်ယောက်ဆိုရင် ISRC နဲ့ UPC အကြောင်းကို သိထားဖို့ လုံးဝလိုအပ်ပါတယ်။ ISRC (International Standard Recording Code) ISRC ဆိုတာက သီချင်းတစ်ပုဒ်ချင်းစီ (သို့မဟုတ်) အသံသွင်းယူမှု (Recording) တစ်ခုချင်းစီအတွက် သီးသန့်သတ်မှတ်ပေးထားတဲ့ "ဒစ်ဂျစ်တယ်လက်ဗွေရာ" (Digital Fingerprint) ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာ အသိအမှတ်ပြု ကုဒ်နံပါတ်တစ်ခုလည်း ဖြစ်ပါတယ်။ ISRC ကုဒ် ဖွဲ့စည်းပုံ (ဥပမာ)  ISRC ကုဒ်မှာ အက္ခရာနဲ့ ဂဏန်း စုစုပေါင်း ၁၂ လုံး ပါဝင်ပါတယ်။ ဥပမာ -  US-S1Z-24-00001 US:  နိုင်ငံကုဒ် (Country Code) S1Z:  ထုတ်ဝေသူ ကုဒ် (Issuer Code) 24:  ထုတ်လုပ်သည့် ခုနှစ် (Year of Reference - 2024) 00001:  သီချင်းစဉ် (Designation Code) ဘယ်လိုအသုံးဝင်သလဲ? ခြေရာခံခြင်း (Tracking):  သီချင်းတစ်ပုဒ်ကို ဘယ်နေရာမှာ၊ ဘယ်နှစ်ကြိမ် နားထောင်ခဲ့လဲ (Stream)၊ ဒေါင်းလုပ် (Download) ဆွဲခဲ့လဲဆိုတာကို ခြေရာခံနိုင်ပါတယ်။ ဥပမာ - Spotify, Apple Music, YouTube စတဲ့ Platform တွေ...

Apple Music / Spotify တို့လို Streaming Platforms တွေမှာသီချင်းတင်ရင် ဝင်ငွေဘယ်လိုပေးလဲ? ဘယ်လောက်ရနိုင်လဲ?

  အဆိုတော်တွေတော်တော်များများ အမေးများပြီး သိချင်နေကြတဲ့ အကြောင်းအရာဖြစ်ပါတယ်။ တကယ်သိချင်တယ်ဆိုရင် ဒီဆောင်းပါးကို အစအဆုံးကို ဖတ်ဖို့အကြံပြုချင်ပါတယ်။  ဘယ်လောက်ရနိုင်လဲဆိုတာ မပြောခင်   Spotify , Apple Music တို့လို Streaming Platforms တွေမှာ သီချင်းတင်ရင် ပိုက်ဆံတကယ်ရလား? ဆိုတဲ့ အကြောင်းအရာကို အရင်ရေးခဲ့ဘူးတဲ့ ဆောင်းပါးတပုဒ်က စာစုတချို့ကို လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် update လုပ်ပြီး ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ ဝင်ငွေရနိုင်လားဆိုရင် ?  ရနိုင်ပါတယ်၊ တကယ်ရပါတယ်၊ ဒါပေမယ့် နားထောင်မယ့်   ကိုယ့်ရဲ့ပရိတ်သတ်ရှိဖို့လိုပါတယ်။ နားထောင်တဲ့အကြိမ်အရေအတွက်ပေါ်မှာ (on per stream) အခြေခံပြီးရရှိတာဖြစ်ပါတယ်။ နားထောင်တဲ့သူမရှိရင် ဘာဝင်ငွေမှမရပါဘူး၊ နားထောင်တဲ့ ၁၀ ဂဏန်း၊ ရာဂဏန်း လောက်နဲ့လည်း ဘာမှသိပ်အလုပ်မဖြစ်ပါဘူး။ streaming platforms တွေမှာ ကိုယ့်သီချင်းတွေကိုပုံမှန်နားထောင်ပေးမယ့် ထောင်ဂဏန်း၊ သောင်းဂဏန်း / သိန်းဂဏန်း ပရိတ်သတ်ရှိမှ သိသာတဲ့ဝင်ငွေပမာဏရရှိမှာဖြစ်ပါတယ်။ အဓိကကတော့ ဝင်ငွေရရှိနိုင်တဲ့ Streaming Platforms တွေကနေ ကိုယ့်သီချင်းကို အားပေးနားဆင်ပေးမယ့် ပရိတ်သတ်အခိုင်အမာရှိမ...