Skip to main content

AI နဲ့ဖန်တီးထားတဲ့ Music တွေက သင့်ရဲ့မူပိုင်ခွင့်တစိတ်တပိုင်းကိုထိခိုက်နိုင်ပါတယ်

 


အခုနောက်ပိုင်း Music Production ပိုင်းမှာ Suno လိုမျိုး AI ကို အသုံးပြုပြီး သီချင်းတွေ ဖန်တီးလာကြတာဟာ တက်သစ်စအဆိုတော်တွေကြားထဲမှာ အလွန်ရေပန်းစားလာပါတယ်။ ဒါပေမဲ့ ဒီ "လွယ်ကူမှု" ရဲ့ နောက်ကွယ်မှာ အနုပညာရှင်တစ်ယောက်အတွက် အလွန်အန္တရာယ်များတဲ့ မူပိုင်ခွင့်ဆိုင်ရာ ဆိုင်ရာအကြောင်းအရာတွေ ရှိနေပါတယ်။

၁။ ကိုယ်ဖန်တီးပေမဲ့ ကိုယ်အမှန်တကယ် မပိုင်ဆိုင်ခြင်း

AI က ထုတ်ပေးလိုက်တဲ့ Music တွေ၊ သံစဉ်တွေဟာ နိုင်ငံတကာ မူပိုင်ခွင့်ဥပဒေအရ "Human Creativity" (လူသားရဲ့ ဖန်တီးမှု) ထဲမှာ မပါဝင်သေးပါဘူး။ ဆိုလိုတာက အဲ့ဒီသီချင်းကို သင်ကပဲ Prompt ပေးပြီး လုပ်ခိုင်းတာမှန်ပေမဲ့၊ ဥပဒေအရ သင်ဟာ ထိုသီချင်းရဲ့ "တစ်ဦးတည်းသော မူပိုင်ရှင်" အဖြစ် သတ်မှတ်ခံရဖို့ ခဲယဉ်းပါတယ်။

၂။ 𝗦𝘁𝗿𝗲𝗮𝗺𝗶𝗻𝗴 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺𝘀 တွေရဲ့ ငြင်းပယ်မှု (𝗗𝗶𝘀𝘁𝗿𝗶𝗯𝘂𝘁𝗶𝗼𝗻 𝗜𝘀𝘀𝘂𝗲)

Ditto, CD Baby, DistroKid စတဲ့ Music Distributor တွေဟာ အခုနောက်ပိုင်း AI-generated content တွေကို အရမ်းစစ်ဆေးလာပါပြီ။ AI အစအနလေးတွေ ပါဝင်နေတာနဲ့တင် International Streaming Platforms (Spotify, Apple Music) တွေပေါ် တင်ခွင့်မရတော့တာမျိုး ဒါမှမဟုတ် တင်ပြီးမှ ပြန်အဖြုတ်ခံရတာမျိုးတွေ ကြုံလာရနိုင်ပါတယ်။ ကိုယ်က AI အားကိုးနဲ့ ဟုတ်လှပြီထင်ပြီးဖန်တီးလိုက်သမျှ music တွေဟာ အပျော်တမ်း Social media ပေါ်မှာတင်လိုက်ရတာလောက်နဲ့ ကျေနပ်လိုက်ရပါလိမ့်မယ်။

၃။ 𝗖𝗼𝗻𝘁𝗲𝗻𝘁 𝗜𝗗 / 𝗖𝗼𝗻𝘁𝗲𝗻𝘁 𝗣𝗿𝗼𝘁𝗲𝗰𝘁𝗶𝗼𝗻 နဲ့ 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 စနစ်တွေ မရနိုင်ခြင်း

အဆိုတော်တစ်ယောက်အတွက် အရေးကြီးဆုံးက ကိုယ့်သီချင်းကို သူများယူသုံးရင် (သို့မဟုတ်) သူတို့ Channel မှာယူတင်ရင်၊ ပြီးတော့ User Generated Content တွေဖန်တီးတဲ့အခါ ကိုယ့်သီချင်းကိုအသုံးပြုရင် ရရှိလာမယ့်အခွင့်အရေးတွေကို ကာကွယ်ပေးတာက "Content ID" စနစ်ပါ။ ဒါပေမဲ့ AI နဲ့ ဖန်တီးထားတဲ့ သီချင်းတွေဟာ "Exclusive Rights" (တစ်ဦးတည်းသော ပိုင်ဆိုင်ခွင့်) မရှိတဲ့အတွက် Right Manager / Content Protection / YouTube Content ID လျှောက်တဲ့အခါ အငြင်းပယ်ခံရမှာ သေချာသလောက်ပါပဲ။ အသိမိတ်ဆွေတစ်ယောက်ဆိုရင် ကိုယ်တိုင်တီးခတ်ထားတဲ့ Guitar သံတွေ ပါဝင်နေတာတောင်မှ AI အပိုင်းအစလေးတွေ ပါနေတဲ့အတွက် Content ID အငြင်းခံခဲ့ရတဲ့ အတွေ့အကြုံတွေ ရှိပါတယ်။

💡 ဒါဆိုရင် AI ကို ဘယ်လိုနေရာမှာ သုံးမလဲ?

AI ကို လုံးဝမသုံးရဘူးလို့ မဆိုလိုပါဘူး။ ဒါပေမဲ့ "Final Product" အဖြစ် မသုံးပါနဲ့။

Inspiration အဖြစ်သုံးပါ : သီချင်းအသစ်အတွက် Idea ရဖို့ AI ကို နမူနာ Arrangement လုပ်ခိုင်းပါ။ 

Reference အဖြစ်သုံးပါ : သံစဉ်အသွားအလာ ဘယ်လိုမျိုး လိုချင်သလဲဆိုတာကို Reference အနေနဲ့ပဲ နားထောင်ကြည့်ပါ။ တခါတလေ သူဖန်တီးပေးတဲ့ music တွေ၊ melody တွေက ကိုယ့်မစဉ်းစားမိတဲ့ အမိုက်စားလေးတွေထွက်လာတတ်ပါတယ်၊

အကြံပြုချက် : နောက်ဆုံးထွက်လာမယ့် Master File ထဲမှာတော့ AI က ထုတ်ပေးတဲ့ အသံတွေ (ဥပမာ- AI Instrumentals, AI Vocals) အပိုင်းအစလေးတောင် မပါဝင်သင့်ပါဘူး။ ကိုယ်တိုင်တီးခတ်၊ ကိုယ်တိုင် Mixing ဆွဲထားတဲ့ "Original Content" စစ်စစ်ကသာ ကိုယ့်ရဲ့ အနုပညာပိုင်ဆိုင်မှုကို ရာနှုန်းပြည့် အကာအကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

အလွယ်လမ်းကို မလိုက်ဘဲ ကိုယ့်ရဲ့ ကိုယ်ပိုင်ဖန်တီးမှုကိုပဲ တန်ဖိုးထား မြှင့်တင်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။ 🎤✨

𝗦𝘁𝗮𝘆 𝗖𝗼𝗻𝗻𝗲𝗰𝘁𝗲𝗱 𝘄𝗶𝘁𝗵 𝗶𝗻𝗻𝗼𝗳𝗲𝗰𝘁𝗶𝘃𝗲 ▶︎
𝗣𝗮𝗿𝘁𝗻𝗲𝗿 𝘄𝗶𝘁𝗵 𝘂𝘀 : https://www.innofective.com
𝗥𝗲𝗮𝗱 𝗼𝘂𝗿 𝘀𝘁𝗼𝗿𝗶𝗲𝘀 : blog.innofective.com

#AIMusic #MusicCopyright #ArtistKnowledge #YouTubeContentID #MusicIndustryTips

Comments

Popular posts from this blog

အဆိုတော်တိုင်း မဖြစ်မနေ သိထားသင့်တဲ့ ISRC နဲ့ UPC ကုဒ်အကြောင်း

  အဆိုတော်တိုင်း မဖြစ်မနေ သိထားသင့်တဲ့ ISRC နဲ့ UPC ကုဒ်အကြောင်း ယနေ့ခေတ်မှာ ကိုယ်က သီချင်းသီဆိုသူ အဆိုရှင်၊ အဆိုတော် (Artist) တစ်ယောက်ဆိုရင် ISRC နဲ့ UPC အကြောင်းကို သိထားဖို့ လုံးဝလိုအပ်ပါတယ်။ ISRC (International Standard Recording Code) ISRC ဆိုတာက သီချင်းတစ်ပုဒ်ချင်းစီ (သို့မဟုတ်) အသံသွင်းယူမှု (Recording) တစ်ခုချင်းစီအတွက် သီးသန့်သတ်မှတ်ပေးထားတဲ့ "ဒစ်ဂျစ်တယ်လက်ဗွေရာ" (Digital Fingerprint) ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာ အသိအမှတ်ပြု ကုဒ်နံပါတ်တစ်ခုလည်း ဖြစ်ပါတယ်။ ISRC ကုဒ် ဖွဲ့စည်းပုံ (ဥပမာ)  ISRC ကုဒ်မှာ အက္ခရာနဲ့ ဂဏန်း စုစုပေါင်း ၁၂ လုံး ပါဝင်ပါတယ်။ ဥပမာ -  US-S1Z-24-00001 US:  နိုင်ငံကုဒ် (Country Code) S1Z:  ထုတ်ဝေသူ ကုဒ် (Issuer Code) 24:  ထုတ်လုပ်သည့် ခုနှစ် (Year of Reference - 2024) 00001:  သီချင်းစဉ် (Designation Code) ဘယ်လိုအသုံးဝင်သလဲ? ခြေရာခံခြင်း (Tracking):  သီချင်းတစ်ပုဒ်ကို ဘယ်နေရာမှာ၊ ဘယ်နှစ်ကြိမ် နားထောင်ခဲ့လဲ (Stream)၊ ဒေါင်းလုပ် (Download) ဆွဲခဲ့လဲဆိုတာကို ခြေရာခံနိုင်ပါတယ်။ ဥပမာ - Spotify, Apple Music, YouTube စတဲ့ Platform တွေ...

New Artist တွေအတွက် YouTube Subscriber ရဖို့နည်းလမ်းအချို့ (၁)

  YouTube က ပုံမှန်တိုင်းဆို subscriber ရဖို့ခက်ခဲပါတယ်၊ YouTube ကြည့်တဲ့သူတွေက တော်ယုံ ရင်ထဲမထိပဲ subscribe မလုပ်ကြပါဘူး၊ Channel စဖွင့်ဖွင့်ချင်းဆိုရင် ပိုဆိုးပါတယ်၊ အဲ့ဒီမှာ တခုပြောချင်တာက subscriber ဂျင်းတွေ/အတုတွေမဝယ်ပါနဲ့၊ YouTube ရဲ့ AI စနစ်ကမပိန်းပါဘူး၊ ကိုယ့် Video ကိုတစက်မှမကြည့်ပဲ Sbuscriber နိပ်ရုံနိပ်သွားခဲ့ရင် အဲ့ဒီ subscriber ကမကြာခင်ပျောက်သွားမှာပါ၊  || Subscriber ရဖို့ဘယ်လိုလုပ်မလဲ ? New Artist တွေအတွက် ဒါကအခက်အခဲတခုပါပဲ၊ အောင်မြင်နေပြီးသား၊ Flow ပေါ်ရောက်နေပြီးသား Artist တယောက်အတွက်ကတော့ Subscriber 1K နဲ့ Watch Hour 4000 က အေးအေးဆေးဆေးအချိန်တိုအတွင်းရပါတယ်၊ အခုမှ စလုံးရေစမယ့် Artist တွေအတွက်ကတော့ စိန်ခေါ်မှုတခုပါပဲ၊ ခက်လားမေးရင် ခက်ပါတယ်၊ ဒါပေမယ့်ကြိုးစားရင်ဖြစ်ပါတယ်။   အောက်ကအကြံပြုချက်လေးတွေအတိုင်းလိုက်လုပ်ကြည့်ပါနော် Channel တွေ / Page တွေမဖန်တီးခင် တင်ဖို့သီချင်း Ready အရင်လုပ်ပါ၊ အနည်း (၃) ပုဒ်လောက် Ready ပြင်ထားပါ၊ အဲ့ဒီထဲမှာ ပရိတ်သတ်ရင်ထဲထိမယ့် နားထဲစွဲမယ့် သီချင်းမျိုးပါရင်ပိုကောင်းပါတယ်၊ ပေါ်ပင်မှာပျော်ရွှင်တတ်ရင် Trend ပေါ်ရောက်နိုင်မယ့် သီချင်...

Apple Music / Spotify တို့လို Streaming Platforms တွေမှာသီချင်းတင်ရင် ဝင်ငွေဘယ်လိုပေးလဲ? ဘယ်လောက်ရနိုင်လဲ?

  အဆိုတော်တွေတော်တော်များများ အမေးများပြီး သိချင်နေကြတဲ့ အကြောင်းအရာဖြစ်ပါတယ်။ တကယ်သိချင်တယ်ဆိုရင် ဒီဆောင်းပါးကို အစအဆုံးကို ဖတ်ဖို့အကြံပြုချင်ပါတယ်။  ဘယ်လောက်ရနိုင်လဲဆိုတာ မပြောခင်   Spotify , Apple Music တို့လို Streaming Platforms တွေမှာ သီချင်းတင်ရင် ပိုက်ဆံတကယ်ရလား? ဆိုတဲ့ အကြောင်းအရာကို အရင်ရေးခဲ့ဘူးတဲ့ ဆောင်းပါးတပုဒ်က စာစုတချို့ကို လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် update လုပ်ပြီး ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ ဝင်ငွေရနိုင်လားဆိုရင် ?  ရနိုင်ပါတယ်၊ တကယ်ရပါတယ်၊ ဒါပေမယ့် နားထောင်မယ့်   ကိုယ့်ရဲ့ပရိတ်သတ်ရှိဖို့လိုပါတယ်။ နားထောင်တဲ့အကြိမ်အရေအတွက်ပေါ်မှာ (on per stream) အခြေခံပြီးရရှိတာဖြစ်ပါတယ်။ နားထောင်တဲ့သူမရှိရင် ဘာဝင်ငွေမှမရပါဘူး၊ နားထောင်တဲ့ ၁၀ ဂဏန်း၊ ရာဂဏန်း လောက်နဲ့လည်း ဘာမှသိပ်အလုပ်မဖြစ်ပါဘူး။ streaming platforms တွေမှာ ကိုယ့်သီချင်းတွေကိုပုံမှန်နားထောင်ပေးမယ့် ထောင်ဂဏန်း၊ သောင်းဂဏန်း / သိန်းဂဏန်း ပရိတ်သတ်ရှိမှ သိသာတဲ့ဝင်ငွေပမာဏရရှိမှာဖြစ်ပါတယ်။ အဓိကကတော့ ဝင်ငွေရရှိနိုင်တဲ့ Streaming Platforms တွေကနေ ကိုယ့်သီချင်းကို အားပေးနားဆင်ပေးမယ့် ပရိတ်သတ်အခိုင်အမာရှိမ...