လက်ရှိ မြန်မာပြည်မှာ အကြောင်းအမျိုးမျိုးကြောင့် PayPal ကို အသုံးပြုများလာကြပါတယ်။ အဓိကအကြောင်းအရင်းတွေကတော့ Facebook က ဝင်ငွေတွေကို collect လုပ်ဖို့၊ TikTok က ဝင်ငွေတွေကို collect လုပ်ဖို့နဲ့ အခြားသော online ငွေရပေါက်ရလမ်းတွေကနေ ငွေလက်ခံနိုင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း PayPal အကောင့်အရောင်းအဝယ်တွေကို online မှာ အများကြီးတွေ့လာရပါတယ်။
ဒါကြောင့် သတိထားသိထားသင့်တာလေးတွေ လိုရင်းတိုရှင်းပဲပြောချင်ပါတယ်၊
PayPal တို့ Payoneer တို့ဆိုတာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဝန်ဆောင်မှုပေးနေတဲ့ financial service အဖွဲ့အစည်းကြီးတွေဖြစ်ပါတယ်။ Online ပေါ်မှာ ငွေပေးချေမှုတွေ ဆောင်ရွက်ပေးနေတဲ့ Online Wallet ကြီးတစ်ခု ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ပိုက်ဆံအိတ်ကြီးကို Online ပေါ်မှာ ထားသလိုပါပဲ။
ဒါပေမယ့် မြန်မာနိုင်ငံအတွက် PayPal က တရားဝင်အသုံးပြုခွင့်မပေးထားဘူးဆိုတာ သိထားဖို့လိုပါတယ်
အမှန်အကန် PayPal အကောင့်ဖွင့်ဖို့ paypal အကောင့် verify ဖြစ်ဖို့ ဘာတွေလိုအပ်သလဲ?
PayPal အကောင့်တစ်ခုကို တရားဝင် verify ဖြစ်ဖို့အတွက် အောက်ပါအချက်အလက်တွေလိုအပ်ပါတယ်။
- နိုင်ငံတစ်ခုရဲ့ တရားဝင် နေရပ်လိပ်စာ
- နိုင်ငံကူးလက်မှတ် (Passport) သို့မဟုတ် အခြား ID (Permit ID ဆိုရင်တော့ အကောင်းဆုံးပါပဲ)
- ကိုယ်ပိုင် အီးမေးလ်လိပ်စာ
- Debit/Credit Card (Visa / Master)
- ဘဏ်အကောင့်
- တချို့နိုင်ငံတွေမှာ ဖုန်းနံပါတ်လည်း လိုအပ်ပါတယ်
မြန်မာနိုင်ငံက PayPal ရဲ့ တရားဝင်အထောက်အပံ့မရှိသေးတာကြောင့် မြန်မာပြည်ရဲ့အချက်အလက်တွေ သွားဖွင့်လို့မရပါဘူး။
PayPal လို တကမ္ဘာလုံးကို financial ဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းကို အထင်မသေးပါနဲ့
PayPal က ငွေလွှဲငွေလက်ခံလုပ်ငန်းတွေကို လုံခြုံစိတ်ချရအောင် အထူးအာရုံစိုက်ထားပါတယ်။ ပုံမှန်မဟုတ်တဲ့ ငွေဝင်ငွေထွက် Transaction တွေ၊ အချက်အလက်မကိုက်ညီတာတွေ၊ fake လို့ယူဆရတဲ့ info တွေနဲ့ အကောင့်တွေကို အချိန်တန်ရင်အကုန်ပိတ်ပါတယ်၊ အညှာတာဆုံးဆိုရင်တော့ Verify ပြန်လုပ်ခိုင်းပါတယ်။ တကယ်လို့ကိုယ်က online ကနေ ထောင်ဂဏန်း၊ သောင်းဂဏန်းလောက်ပေးပြီးဝယ်ထားတဲ့အကောင့် ကိုယ့်ကို Verify ပြန်လုပ်ခိုင်းတဲ့အခါ ရောင်းတဲ့သူက Data မှန်မှန်ကန်ကန်နဲ့ လုပ်ပေးခဲ့တယ်ဆိုရင်တော့ သူ့ဆီကအချက်အလက်တောင်းပြီး Verify ပြန်လုပ်နိုင်ဖို့အတွက် အဆင်ပြေပါတယ်၊ တကယ်လို့ဖွင့်ပေးတဲ့သူနဲ့အဆက်အသွယ်ကလည်းမရ၊ အဆင်အသွယ်ရတော့ အကောင့်တွေရောင်းထားတာများလို့မမှတ်မိတော့ဘူးဆိုတဲ့သူတွေ၊ သူ့ရဲ့ကိုယ်ပိုင်အချက်အလက်မဟုတ်ပဲ fake data တွေနဲ့ဖွင့်ခဲ့တယ်ဆိုရင် ပလုံပါပြီနော်၊ ဒါမျိုးအကောင့်တွေက PayPal ရဲ့ စည်းမျဉ်းနဲ့ မကိုက်ညီတာကြောင့် အချိန်တစ်ခုမှာ အကောင့်ပိတ်ခံရနိုင်ပါတယ်။ အကောင့်ပိတ်သွားရင် အထဲက ငွေတွေကို ပြန်ရဖို့လည်း အခက်ကြုံနိုင်ပါတယ်။
ဒါကြောင့်တတ်နိုင်သမျှ ကိုယ့်ရဲ့ကိုယ်ပိုင် data တွေနဲ့ဖွင့်ဖို့ပဲအကြံပေးချင်ပါတယ်၊ နိုင်ငံခြားမှာနေတဲ့ ကိုယ့်အတွက်စိတ်ချရတဲ့ မိတ်ရင်းဆွေရင်းတွေ၊ မိသားစုညီအကိုမောင်နှမတွေကိုအကူအညီတောင်းပါ၊ သူတို့ရဲ့အချက်အလက်တချို့ကိုအသုံးပြုပါ၊
အဆုံးသတ်အနေနဲ့...
PayPal ဝန်ဆောင်မှုကိုအသုံးပြုဖို့အတွက် အကောင့်ကို ကိုယ်တိုင်ဖွင့်နိုင်ရင် ကိုယ်တိုင်ဖွင့်ပါ၊ ဒါမှမဟုတ် စိတ်ချရတဲ့ Service Provider ကိုအပ်ပါ၊ Financial နဲ့ပါတ်သက်တဲ့ အကောင့်ဖြစ်တဲ့အတွက် ကိုယ်အပ်တဲ့ service provider က တာဝန်ယူမှုတာဝန်ခံမှုရှိပြီး ဝန်ဆောင်မှုသဘောတရားကိုနားလည်တဲ့ Service provider စစ်စစ်ဖြစ်ဖို့လိုပါတယ်၊ နေ့မြင်ညပျောက်တွေဆိုရင်တော့ မအပ်ပါနဲ့။ Ready made ဖွင့်ထားပြီးသားအကောင့်တွေ၊ fake info တွေနဲ့ ဖွင့်ထားတဲ့အကောင့်တွေက ရေရှည်မှာ အန္တရာယ်ရှိတာကြောင့် သတိထားသင့်ပါတယ်။
PayPal ကအချဉ်မဟုတ်ပါဘူးနော်၊ အချိုပါ၊ သိဖို့

Comments
Post a Comment