၁။ ခေါင်းစဉ် (Title) ကို စနစ်တကျပေးပါ
Title ဟာ Algorithm အတွက်ရော လူတွေအတွက်ပါ ပထမဆုံး ဆွဲဆောင်မှုပါ။
ပုံသေနည်း ▶︎
သီချင်းနာမည် - အဆိုတော်နာမည် [Official Music Video]Keyword ထည့်ပါ ▶︎ သီချင်းအမျိုးအစား (Genre) ကို Title မှာ ထည့်ရေးတာက ရှာဖွေမှုမှာ ပိုပေါ်လွယ်စေပါတယ်။
ဥပမာ ▶︎
အလွမ်းရဲ့ အရိပ် - အောင်အောင် [R&B/Soul Official Audio 2026]
၂။ ဖော်ပြချက် (Description) ကို အကျိုးရှိရှိသုံးပါ
ဒီနေရာမှာ "နားထောင်ပေးလို့ ကျေးဇူးတင်ပါတယ်" လို့ပဲ ရေးလေ့ရှိကြပါတယ်။ ဒါဟာ SEO အခွင့်အရေးကို လက်လွတ်ဆုံးရှုံးစေတာပါ။
ပထမ ၂ ကြောင်း ▶︎ ဒီစာသားက Google Search မှာ ပေါ်မှာဖြစ်လို့ သီချင်းအကြောင်း Keyword တွေနဲ့ စွဲဆောင်မှုရှိအောင် ရေးပါ။
Timestamps (Chapters) ▶︎
0:00 Intro,1:00 Verse 1စတာတွေကို ထည့်ပါ။ Google က ဗီဒီယိုကို အပိုင်းလိုက် နားလည်သွားပါလိမ့်မယ်။စာသားအပြည့်အစုံ (Lyrics) ▶︎ လူတွေက သီချင်းစာသားနဲ့ ရှာတတ်ကြလို့ Lyrics ကို Description မှာ မဖြစ်မနေ ထည့်ပေးပါ။
Specific Tags ▶︎ သီချင်းနာမည်၊ အဆိုတော်နာမည်။
Broad Tags ▶︎
Myanmar New Song 2026,Burmese Pop Music.Misspellings ▶︎ လူတွေ အမြဲမှားရိုက်တတ်တဲ့ စာလုံးပေါင်းတွေကိုပါ Tag ထဲ ထည့်ထားပါ (ဥပမာ -
Aung Aungအပြင်AungAung)။Description အောက်ဆုံးမှာ #Hashtag ၃ ခု ကနေ ၅ ခု အထိ ထည့်ပေးပါ။ ဒါဟာ ကိုယ့်ဗီဒီယို အမျိုးအစားကို YouTube က ပိုသိစေပါတယ်
၃။ Tags (တဂ်များ) - Algorithm ကို လမ်းညွှန်ခြင်း
Tags တွေက အရင်လောက် အရေးမကြီးတော့ဘူးဆိုပေမယ့် အမျိုးအစားခွဲခြားတဲ့နေရာမှာ အသုံးဝင်ပါသေးတယ်။
၄။ ပရိသတ်နဲ့ အပြန်အလှန် တုံ့ပြန်မှု (Engagement)
ဒါက အရေးကြီးဆုံး SEO အချက်ပါ။ ဗီဒီယိုတစ်ခုကို လူတွေက Comment အများကြီး ပေးကြတယ်၊ Share ကြတယ်ဆိုရင် YouTube က "ဒီဗီဒီယိုက လူကြိုက်များတယ်" လို့ သတ်မှတ်ပြီး ရှာဖွေမှုရလဒ်ရဲ့ အပေါ်ဆုံးကို ပိုတွန်းပေးပါတယ်။
Reply ပြန်ပါ ▶︎ တင်ပြီး ပထမ ၂၄ နာရီအတွင်း လာပေးတဲ့ Comment တိုင်းကို Love ပေးတာ၊ Reply ပြန်တာမျိုး လုပ်ပါ။
Pin Comment ▶︎ ကိုယ့်ရဲ့ သီချင်းနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခုခုကို Comment မှာ ရေးပြီး Pin လုပ်ထားခြင်းဖြင့် လူတွေကို Comment ရေးလာအောင် တိုက်တွန်းပါ။
💡 အပိုဆောင်း အကြံပြုချက်
YouTube ဟာ SEO ကောင်းရုံနဲ့တင် ရှေ့ကို မတွန်းပေးပါဘူး။ လူတွေ ဘယ်လောက်ကြာကြာ ကြည့်သလဲ (Watch Time) ဆိုတာကိုလည်း ကြည့်ပါတယ်။ ဒါကြောင့် သီချင်းအစမှာတင် လူတွေ ပျင်းမသွားအောင် Visual ဆွဲဆောင်မှုတွေကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။
ကိုယ့်ရဲ့ အနုပညာဖန်တီးမှုတွေ လူတွေဆီ ပိုရောက်သွားအောင် ဒီ SEO နည်းလမ်းလေးတွေကို အသုံးပြုကြည့်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။ 🚀🎤

Comments
Post a Comment