Skip to main content

Copyright Claim နဲ့ Copyright Strike ဘာကွာလဲ ?


 YouTube Contnet Creator တိုင်း Artist တိုင်းသိရှိထားသင့်တဲ့ အကြောင်းအရာဖြစ်ပါတယ်။ အခြေခံအားဖြင့်သော ကိုယ်တင်လိုက်တဲ့ content (သို့မဟုတ်) သီချင်းဟာ copyright မိနေပြီဆိုရင် ကိုယ့် channel ကနေဝင်ငွေမရနိုင်တော့ပါဘူး။ View အနေနဲ့ပဲ ကိုယ့်ရဲ့ channel ကရရှိပါမယ်။  အဲ့ဒီမှာမှ ဝင်ငွေမရတာအပြင် အန္တရယ်ပေးနိုင်တာကတော့ copyright strike ပါ၊ (၃) ကြိမ်မိတာနဲ့ channel ပျက်သွားမှာဖြစ်ပါတယ်။


Copyright Claim ကတော့ channel တွေအတွက်အန္တရာယ်မရှိပါဘူး။ အကျိုးခံစားခွင့်အရဆိုရင်တော့ Vlogger/Blogger တွေနဲ့ အဆိုတော်တွေကိုခွဲပြောမှရပါမယ်။ Vlogger တွေအတွက်ကတော့ ကိုယ်တင်လိုက်တဲ့ content မှာ copyright claim ခြင်းခံထားရပြီဆိုရင်တော့ ကိုယ့် channel ကနေဝင်ငွေမရရှိနိုင်တော့ပါဘူး။ အဆိုတော်တွေအနေနဲ့ကြတော့ ကိုယ်တင်တဲ့သီချင်းဟာ ကိုယ့်ရဲ့ကိုယ်ပိုင်သီချင်းဖြစ်တယ်၊ ပြီးတော့ Agency တခုခုနဲ့ပဲဖြစ်ဖြစ် Music Distribution Service provider တွေနဲ့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်တိုင် Direct Distributor တွေနဲ့ချိတ်ဆက်ပြီးတော့ပဲဖြစ်ဖြစ်  Content ID / Content Rights / Content Protection ယူထားခဲ့ပြီးသားဆိုရင် YouTube ကတိုက်ရိုက်မဟုတ်သော်လည်း copyright မိနေပေမယ့် ဝင်ငွေရရှိနိုင်ပါတယ်။ 

|| Copyright Claim ဆိုတာဘာလဲ?

Copyright Cliam ဆိုတာက များသောအားဖြင့်သီချင်းတွေရဲ့ royalty တွေကိုကာကွယ်ပေးတဲ့ copyright အမျိုးအစားဖြစ်ပါတယ်။ အားလုံးနားလည်လွယ်အောင်ရေးပြတာပါ။ google တို့ AI တို့ကိုသွားမေးရင်တော့ ဒီအတိုင်းဖြေချင်မှဖြေပါလိမ့်မယ်။ သီချင်းပိုင်ရှင်က သူ့ရဲ့သီချင်းကို International platforms တွေပေါ်တင်ထားပြီး YouTube မှာပါ Content ID ယူထားခဲ့ရင် Channel တွေမှာ အဲ့သီချင်းရဲ့အစိတ်အပိုင်းကို ထည့်သုံးမိတဲ့အခါ (သို့မဟုတ်) သီချင်းတပုဒ်လုံးကိုယူတင်မိတဲ့အခါ Copyright cliam လုပ်ခံရမှာဖြစ်ပါတယ်။ အဲ့ဒီ Video ကရတဲ့ဝင်ငွေအားလုံးဟာ သီချင်းရဲ့ပိုင်ရှင်ဆီကိုပဲ ရောက်ရှိသွားမှာဖြစ်ပါတယ်။

|| Copyright Claim ကင်းလွတ်ခွင့်ရနိုင်တဲ့ YouTube Whitelist

ဒါပေမယ့် ကိုယ်က ဒီသီချင်းရဲ့ပိုင်ဆိုင်တဲ့သူ၊ ထုတ်လုပ်သူ၊ အဆိုတော်ဖြစ်နေခဲ့ရင် YouTube မှာ copyright ကင်းလွတ်ခွင့်ပေးဖို့ တောင်းဆိုလို့ရပါတယ်။ youtube ကိုတိုက်ရိုက်ဆက်သွယ်တာထက် ကိုယ့်သီချင်းကို တာဝန်ယူဆောင်ရွက်ပေးနေတဲ့တဲ့ Agency/ service provider / distributor ကိုဆက်သွယ်ပြီးဆောင်ရွက်တာပိုနည်းလမ်းကျပါတယ်။ youtube က ကိုယ့် channel ကို whitelist ပေးလိုက်ပြီဆိုရင်တော့ copyright ကင်းလွတ်ခွင့်ရပြီး youtube ကတိုက်ရိုက်ဝင်ငွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ ကိုယ်တိုင် YouTube ကို တိုက်ရိုက်တောင်းဆိုချင်တယ်ဆိုရင်လည်းရပါတယ်။ streaming platforms တွေမှာ ဖြန့်ချီထားတဲ့ သီချင်းရဲ့ ISRC နဲ့ Distrubution အချက်အလက်တချို့သိထားဖို့တော့လိုပါတယ်။ တခုရှိတာက ကိုယ့်ရဲ့ channel က ဝင်ငွေရရှိဖို့အတွက် youtube monetization အောင်ထားတဲ့ channel ဖြစ်ဖို့တော့လိုပါတယ်။ မဖြစ်ထားဘူးဆိုရင်တော့ whitelist ယူစရာမလိုအပ်ပါဘူး။


|| မှတ်ထားရမယ့် Copyright Claim ရဲ့ အကျိုးဆက်တွေက ..
ဗီဒီယိုကို ဆက်လက်တင်ထားနိုင်ပါတယ်
ကြော်ငြာဝင်ငွေတွေကိုပဲ မူရင်းပိုင်ရှင်ဆီ ရောက်သွားမှာပါ
တချို့နိုင်ငံတွေမှာ ဗီဒီယိုကို ကြည့်လို့မရတာမျိုး ဖြစ်နိုင်ပါတယ်
Channel ကို ထိခိုက်စရာမရှိပါဘူး


Copyright Strike ဆိုတာဘာလဲ?
ကိုယ်မပိုင်တဲ့တခြားသူတွေရဲ့ Video တွေ၊ သီချင်းတွေကို တိုက်ရိုက်ယူတင်တဲ့အခါ မူလပိုင်ရှင်က YouTube ကိုသူပိုင်ဆိုင်ကြောင်းသက်သေအထောက်အထားနဲ့တကွ Report တင်ခဲ့ရင် Copyright Strike မိနိုင်ပါတယ်။ Report တင်တဲ့သူဘက်က ကိုယ်ကို့ညှာတာခဲ့ရင်တော့ Video ကိုဖျက်ဖို့အတွက်ပဲ Removal Request လုပ်လာခဲ့ရင်တော့ ဒါကဘုရားပေးတဲ့အခွင့်အရေးပါပဲ၊ အလေးထားပြီးသေချာညှိနှိုင်းဆောင်ရွက်ဖို့လိုပါတယ်။ ညှိနှိုင်းဆောင်ရွက်ဖို့လိုတယ်ဆိုတာက ကိုယ်က ဒီ Video ရဲ့အစိတ်အပိုင်းတခုကိုပိုင်ဆိုင်နေတာမျိုးဖြစ်နေဖို့တော့လိုပါတယ်။ သီချင်းဆိုရင်လည်း ကိုယ်ကဒီသီချင်းကိုရေးထားတဲ့တေးရေး၊ music ကို Produced လုပ်ထားတဲ့သူစသဖြင့်ပေါ့။ ကိုယ်ကဘာမှမပတ်သတ်ပဲ သူခိုးဆိုရင်တော့ "တောင်းပန်ပါတယ်” လို့ပြောပြီး အမြန်ပြန်ဖျက်လိုက်ပါ။ 
ပြီးတော့ Live Video တွေကို ပြန်ပြီးတော့ ထပ်ဆင့်ပြန်လွှင့်တဲ့သူတွေ၊ Game ကြော်ငြာ Video တွေကိုတိုက်ရိုက်ပြန်တင်တဲ့သူတွေ၊ Fake Reaction Video တွေလည်း Copyright Strike မိနိုင်ပါတယ်။ 

|| Copyright Strike ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက...

ဗီဒီယိုကို ချက်ချင်းဖျက်ပစ်လိုက်မှာပါ

Channel မှာ Strike တစ်ချက်မှတ်တမ်းဝင်သွားပါပြီ

Live လွှင့်ခွင့်တို့၊ တခြား feature တွေကို ပိတ်ခံရနိုင်ပါတယ်

- Strike သုံးခုထိပြီဆိုရင် Channel ပိတ်ခံရပါတော့မယ်


Copyright Claim နှင့် Copyright Strike ဘာကွာလဲ?

YouTube Content Creator တိုင်း၊ Artist တိုင်း သိရှိထားသင့်တဲ့ အကြောင်းအရာဖြစ်ပါတယ်။ အခြေခံအားဖြင့် ကိုယ်တင်လိုက်တဲ့ content (သို့မဟုတ်) သီချင်းဟာ copyright မိနေပြီဆိုရင် ကိုယ့် channel ကနေ ဝင်ငွေမရနိုင်တော့ပါဘူး။ View အနေနဲ့ပဲ ကိုယ့်ရဲ့ channel က ရရှိပါမယ်။ အဲ့ဒီမှာမှ ဝင်ငွေမရတာအပြင် အန္တရာယ်ပေးနိုင်တာကတော့ copyright strike ပါ၊ (၃) ကြိမ်မိတာနဲ့ channel ပျက်သွားမှာ ဖြစ်ပါတယ်။

Copyright Claim ကတော့ channel တွေအတွက် အန္တရာယ်မရှိပါဘူး။ အကျိုးခံစားခွင့်အရဆိုရင်တော့ Vlogger/Blogger တွေနဲ့ အဆိုတော်တွေကို ခွဲပြောမှရပါမယ်။ Vlogger တွေအတွက်ကတော့ ကိုယ်တင်လိုက်တဲ့ content မှာ copyright claim ခြင်းခံထားရပြီဆိုရင်တော့ ကိုယ့် channel ကနေ ဝင်ငွေမရရှိနိုင်တော့ပါဘူး။ အဆိုတော်တွေအနေနဲ့ ကျတော့ ကိုယ်တင်တဲ့သီချင်းဟာ ကိုယ့်ရဲ့ကိုယ်ပိုင်သီချင်းဖြစ်တယ်၊ ပြီးတော့ Agency တခုခုနဲ့ပဲဖြစ်ဖြစ် innofective တို့လို service provider တွေနဲ့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်တိုင် Direct Distributor တွေနဲ့ချိတ်ဆက်ပြီးတော့ပဲဖြစ်ဖြစ် Content ID / Content Rights / Content Protection ယူထားခဲ့ပြီးသားဆိုရင် copyright မိနေပေမယ့်လည်း ဝင်ငွေရရှိနိုင်ပါတယ်။

Copyright Claim ဆိုတာ ဘာလဲ?

Copyright Claim ဆိုတာက များသောအားဖြင့် သီချင်းတွေရဲ့ royalty တွေကို ကာကွယ်ပေးတဲ့ copyright အမျိုးအစားဖြစ်ပါတယ်။ အားလုံး နားလည်လွယ်အောင် ရေးပြထားတာပါ။ Google တို့ AI တို့ကို သွားမေးရင်တော့ ဒီအတိုင်း ဖြေချင်မှ ဖြေပါလိမ့်မယ်။ သီချင်းပိုင်ရှင်က သူ့ရဲ့သီချင်းကို International platforms တွေပေါ်တင်ထားပြီး YouTube မှာပါ Content ID ယူထားခဲ့ရင် Channel တွေမှာ အဲ့သီချင်းရဲ့ အစိတ်အပိုင်းကို ထည့်သုံးမိတဲ့အခါ (သို့မဟုတ်) သီချင်းတပုဒ်လုံးကို ယူတင်မိတဲ့အခါ Copyright claim လုပ်ခံရမှာဖြစ်ပါတယ်။ အဲ့ဒီ Video ကရတဲ့ ဝင်ငွေအားလုံးဟာ သီချင်းရဲ့ပိုင်ရှင်ဆီကိုပဲ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

Copyright Claim ကင်းလွတ်ခွင့်ရနိုင်တဲ့ YouTube Whitelist

ဒါပေမယ့် ကိုယ်က ဒီသီချင်းရဲ့ပိုင်ဆိုင်တဲ့သူ၊ ထုတ်လုပ်သူ၊ အဆိုတော်ဖြစ်နေခဲ့ရင် YouTube မှာ copyright ကင်းလွတ်ခွင့်ပေးဖို့ တောင်းဆိုလို့ရပါတယ်။ youtube ကိုတိုက်ရိုက်ဆက်သွယ်တာထက် ကိုယ့်သီချင်းကို တာဝန်ယူဆောင်ရွက်ပေးနေတဲ့တဲ့ Agency/ service provider / distributor ကိုဆက်သွယ်ပြီးဆောင်ရွက်တာပိုနည်းလမ်းကျပါတယ်။ youtube က ကိုယ့် channel ကို whitelist ပေးလိုက်ပြီဆိုရင်တော့ copyright ကင်းလွတ်ခွင့်ရပြီး youtube ကတိုက်ရိုက်ဝင်ငွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ ကိုယ်တိုင် YouTube ကို တိုက်ရိုက်တောင်းဆိုချင်တယ်ဆိုရင်လည်းရပါတယ်။ streaming platforms တွေမှာ ဖြန့်ချီထားတဲ့ သီချင်းရဲ့ ISRC နဲ့ Distrubution အချက်အလက်တချို့သိထားဖို့တော့လိုပါတယ်။ Whitelist တောင်းမယ်ဆိုရင် ကိုယ့်ရဲ့ channel က ဝင်ငွေရရှိဖို့အတွက် YouTube monetization အောင်ထားတဲ့ channel ဖြစ်ဖို့တော့ လိုပါတယ်။ မဖြစ်ထားဘူးဆိုရင်တော့ whitelist မယူထားတာက ပိုပြီးကောင်းပါတယ်။

|| မှတ်ထားရမယ့် Copyright Claim ရဲ့ အကျိုးဆက်တွေ

ဗီဒီယိုကို ဆက်လက်တင်ထားနိုင်ပါတယ်

ကြော်ငြာဝင်ငွေတွေကိုပဲ မူရင်းပိုင်ရှင်ဆီ ရောက်သွားမှာပါ

တချို့နိုင်ငံတွေမှာ ဗီဒီယိုကို ကြည့်လို့မရတာမျိုး ဖြစ်နိုင်ပါတယ်

Channel ကို ထိခိုက်စရာမရှိပါဘူး

Copyright Strike ဆိုတာ ဘာလဲ?

ကိုယ်မပိုင်တဲ့ တခြားသူတွေရဲ့ Video တွေ၊ သီချင်းတွေကို တိုက်ရိုက်ယူတင်တဲ့အခါ မူလပိုင်ရှင်က YouTube ကို သူပိုင်ဆိုင်ကြောင်း သက်သေအထောက်အထားနဲ့တကွ Report တင်ခဲ့ရင် Copyright Strike မိနိုင်ပါတယ်။ Report တင်တဲ့သူဘက်က ကိုယ့်ကို ညှာတာခဲ့ရင်တော့ Video ကို ဖျက်ဖို့အတွက်ပဲ Removal Request လုပ်လာခဲ့ရင်တော့ ဒါက ဘုရားပေးတဲ့ အခွင့်အရေးပါပဲ၊ အလေးထားပြီး သေချာညှိနှိုင်းဆောင်ရွက်ဖို့ လိုပါတယ်။ ညှိနှိုင်းဆောင်ရွက်ဖို့လိုတယ်ဆိုတာက ကိုယ်က ဒီ Video ရဲ့ အစိတ်အပိုင်းတခုကို ပိုင်ဆိုင်နေတာမျိုး ဖြစ်နေဖို့တော့ လိုပါတယ်။ သီချင်းဆိုရင်လည်း ကိုယ်က ဒီသီချင်းကို ရေးထားတဲ့ တေးရေး၊ music ကို Produced လုပ်ထားတဲ့သူ စသဖြင့်ပေါ့။ ကိုယ်က ဘာမှမပတ်သက်ဘဲ သူခိုးဆိုရင်တော့ "တောင်းပန်ပါတယ်" လို့ပြောပြီး အမြန်ပြန်ဖျက်လိုက်ပါ။

ပြီးတော့ Live Video တွေကို ပြန်ပြီးတော့ ထပ်ဆင့်ပြန်လွှင့်တဲ့သူတွေ၊ Game ကြော်ငြာ Video တွေကို တိုက်ရိုက်ပြန်တင်တဲ့သူတွေ၊ Fake Reaction Video တွေလည်း Copyright Strike မိနိုင်ပါတယ်။

|| Copyright Strike ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ

ဗီဒီယိုကို ချက်ချင်းဖျက်ပစ်လိုက်မှာပါ

Channel မှာ Strike တစ်ချက် မှတ်တမ်းဝင်သွားပါပြီ

Live လွှင့်ခွင့်တို့၊ တခြား feature တွေကို ပိတ်ခံရနိုင်ပါတယ်

Strike သုံးခုထိပြီဆိုရင် Channel ပိတ်ခံရပါတော့မယ်

အစအဆုံးဖတ်ရှူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဒီစာက ကျွန်တော်အတွေး၊ ကျွန်တော့်အတွေ့အကြုံအပေါ်အခြေခံပြီး လိုရင်းတိုရှင်းရေးထားတာမို့ မပြည့်စုံတာတွေ၊ လူတိုင်းရဲ့အခြေအနေနဲ့မကိုက်ညီတာတွေရှိနိုင်ပါတယ်။ ကိုယ်နဲ့ကိုက်ညီတယ်ကိုယ့်အတွက် တခုခုရသွားတယ်ဆိုရင်တော့ Like & Share Please ပါ။ ကျေးဇူးတင်ပါတယ်။

|| ကူယူဖေါ်ပြခွင့် လုံးဝခွင့်မပြပါ၊  share လိုက လွပ်လပ်စွာ Share နိုင်ပါသည် ||

Comments

Popular posts from this blog

အဆိုတော်တိုင်း မဖြစ်မနေ သိထားသင့်တဲ့ ISRC နဲ့ UPC ကုဒ်အကြောင်း

  အဆိုတော်တိုင်း မဖြစ်မနေ သိထားသင့်တဲ့ ISRC နဲ့ UPC ကုဒ်အကြောင်း ယနေ့ခေတ်မှာ ကိုယ်က သီချင်းသီဆိုသူ အဆိုရှင်၊ အဆိုတော် (Artist) တစ်ယောက်ဆိုရင် ISRC နဲ့ UPC အကြောင်းကို သိထားဖို့ လုံးဝလိုအပ်ပါတယ်။ ISRC (International Standard Recording Code) ISRC ဆိုတာက သီချင်းတစ်ပုဒ်ချင်းစီ (သို့မဟုတ်) အသံသွင်းယူမှု (Recording) တစ်ခုချင်းစီအတွက် သီးသန့်သတ်မှတ်ပေးထားတဲ့ "ဒစ်ဂျစ်တယ်လက်ဗွေရာ" (Digital Fingerprint) ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာ အသိအမှတ်ပြု ကုဒ်နံပါတ်တစ်ခုလည်း ဖြစ်ပါတယ်။ ISRC ကုဒ် ဖွဲ့စည်းပုံ (ဥပမာ)  ISRC ကုဒ်မှာ အက္ခရာနဲ့ ဂဏန်း စုစုပေါင်း ၁၂ လုံး ပါဝင်ပါတယ်။ ဥပမာ -  US-S1Z-24-00001 US:  နိုင်ငံကုဒ် (Country Code) S1Z:  ထုတ်ဝေသူ ကုဒ် (Issuer Code) 24:  ထုတ်လုပ်သည့် ခုနှစ် (Year of Reference - 2024) 00001:  သီချင်းစဉ် (Designation Code) ဘယ်လိုအသုံးဝင်သလဲ? ခြေရာခံခြင်း (Tracking):  သီချင်းတစ်ပုဒ်ကို ဘယ်နေရာမှာ၊ ဘယ်နှစ်ကြိမ် နားထောင်ခဲ့လဲ (Stream)၊ ဒေါင်းလုပ် (Download) ဆွဲခဲ့လဲဆိုတာကို ခြေရာခံနိုင်ပါတယ်။ ဥပမာ - Spotify, Apple Music, YouTube စတဲ့ Platform တွေ...

New Artist တွေအတွက် YouTube Subscriber ရဖို့နည်းလမ်းအချို့ (၁)

  YouTube က ပုံမှန်တိုင်းဆို subscriber ရဖို့ခက်ခဲပါတယ်၊ YouTube ကြည့်တဲ့သူတွေက တော်ယုံ ရင်ထဲမထိပဲ subscribe မလုပ်ကြပါဘူး၊ Channel စဖွင့်ဖွင့်ချင်းဆိုရင် ပိုဆိုးပါတယ်၊ အဲ့ဒီမှာ တခုပြောချင်တာက subscriber ဂျင်းတွေ/အတုတွေမဝယ်ပါနဲ့၊ YouTube ရဲ့ AI စနစ်ကမပိန်းပါဘူး၊ ကိုယ့် Video ကိုတစက်မှမကြည့်ပဲ Sbuscriber နိပ်ရုံနိပ်သွားခဲ့ရင် အဲ့ဒီ subscriber ကမကြာခင်ပျောက်သွားမှာပါ၊  || Subscriber ရဖို့ဘယ်လိုလုပ်မလဲ ? New Artist တွေအတွက် ဒါကအခက်အခဲတခုပါပဲ၊ အောင်မြင်နေပြီးသား၊ Flow ပေါ်ရောက်နေပြီးသား Artist တယောက်အတွက်ကတော့ Subscriber 1K နဲ့ Watch Hour 4000 က အေးအေးဆေးဆေးအချိန်တိုအတွင်းရပါတယ်၊ အခုမှ စလုံးရေစမယ့် Artist တွေအတွက်ကတော့ စိန်ခေါ်မှုတခုပါပဲ၊ ခက်လားမေးရင် ခက်ပါတယ်၊ ဒါပေမယ့်ကြိုးစားရင်ဖြစ်ပါတယ်။   အောက်ကအကြံပြုချက်လေးတွေအတိုင်းလိုက်လုပ်ကြည့်ပါနော် Channel တွေ / Page တွေမဖန်တီးခင် တင်ဖို့သီချင်း Ready အရင်လုပ်ပါ၊ အနည်း (၃) ပုဒ်လောက် Ready ပြင်ထားပါ၊ အဲ့ဒီထဲမှာ ပရိတ်သတ်ရင်ထဲထိမယ့် နားထဲစွဲမယ့် သီချင်းမျိုးပါရင်ပိုကောင်းပါတယ်၊ ပေါ်ပင်မှာပျော်ရွှင်တတ်ရင် Trend ပေါ်ရောက်နိုင်မယ့် သီချင်...

TikTok က သီချင်းတွေကနေ ဝင်ငွေဘယ်လိုပေးတာလဲ?

  တေးသံရှင်တော်တော်များများ အထူးသဖြင့် TikTok Royalty နဲ့ပတ်သက်ပြီး နားလည်မှုလွဲနေတာလေးတွေရှိပါတယ်။  "ကျွန်တော် / ကျွန်မရဲ့ အကောင့်မှာ သီချင်းကိုသုံးပြီးလုပ်ထားတဲ့ Video ရဲ့ View က သိန်းချီရှိတယ်၊  ဘာလို့ တကျပ်မှမရတာလဲ !@#$%^&*@#$%%"  ဟုတ်ကဲ့ အဲ့တာလေးရှင်းပြချင်ပါတယ်။  သင့်ကိုယ်ပိုင် TikTok Video က Views များရုံနဲ့ ပိုက်ဆံမရပါ သင့်ရဲ့ TikTok အကောင့်မှာ သင်ကိုယ်တိုင်တင်ထားတဲ့ သီချင်းဗီဒီယိုက Views တွေသိန်းကျော်သွားတာဟာ လူကြီးမင်းရဲ့သီချင်းအတွက် ကောင်းမွန်တဲ့ ပရိုမိုးရှင်းတစ်ခုဖြစ်ပေမယ့်၊ အဲ့ဒီ Views အရေအတွက်ပေါ်မူတည်ပြီး TikTok က တိုက်ရိုက် ပိုက်ဆံပေးတာ  မဟုတ်ပါဘူး ။ ဒါဟာ YouTube လို ကြော်ငြာဝင်ငွေ (Ad Revenue) ရတဲ့ပုံစံနဲ့ လုံးဝကွဲပြားပါတယ်။ TikTok ကနေ သီချင်းအတွက် Royalty Income ဘယ်လိုရတာလဲ? TikTok ရဲ့ Royalty စနစ်က Spotify တို့ Apple Music တို့လို "တစ်ခါနားထောင်ရင် ဘယ်လောက်" (per-stream) ဆိုတဲ့ ပုံစံမဟုတ်ပါဘူး။ သူတို့ရဲ့ စနစ်က ဒီလိုအလုပ်လုပ်ပါတယ်- || လူကြီးမင်းရဲ့သီချင်းကို တခြားသူတွေက သူတို့ရဲ့ ဗီဒီယိုတွေမှာ သုံးစွဲခြင်း (Video Creations) ဝင်ငွေရရှိဖ...