Skip to main content

သီချင်းတစ်ပုဒ် အောင်မြင်ဖို့ မေ့ထားလို့မရတဲ့ အဓိကသော့ချက်

 


MAMAMOO အဖွဲ့ဝင် Hwasa ရဲ့ Solo သီချင်းသစ် "Good Goodbye" ရဲ့ အောင်မြင်မှုကတော့ အားလုံးမြင်တွေ့နေရတဲ့အတိုင်းပါပဲ။ သီချင်းထွက်ပြီး ၃ လကျော်ကြာတဲ့အထိ Social Media Platforms အားလုံးမှာ Viral ဖြစ်နေတုန်းပါပဲ။ အခုဆိုရင် YouTube မှာ ကြည့်ရှုနားဆင်သူပေါင်း 94 သန်းကျော်သွားခဲ့ပါပြီ။ သေချာပေါက် ဘီလီယံ View အတွက်ရှေ့ဆက်နေပါပြီ။ TikTok မှာဆိုရင်လည်း အခုချိန်ထိ Viral ဖြစ်နေတုန်းပါပဲ။ 

အခု ဒီစာက "Good Goodbye" သီချင်းအကြောင်း သက်သက်ပြောချင်တာ မဟုတ်ပါဘူး။ Hwasa အနေနဲ့ သူ့သီချင်းကို လူအများကြားထဲ Viral ဖြစ်သွားအောင် သူကိုယ်တိုင် ဘယ်လိုသေချာစီစဉ်ပြီး (Strategic Planning) လုပ်ဆောင်ခဲ့တာတွေက သတိထားလိုက်မိသမျှ Case Study အနေနဲ့ ဒီစာကိုရေးမိသွားတာဖြစ်ပါတယ်။ ထူးထူးဆန်းဆန်းကြီးတော့မဟုတ်ပါဘူး။ Innofective နဲ့ လက်တွဲနေတဲ့ အဆိုတော်တော်တော်များများကိုလည်း အမြဲအကြံပေးဖြစ်တဲ့ အကြောင်းအရာလေးပါပဲ။ ဒါကတော့ "Social Media Marketing" ပါ။


အဆိုတော်တစ်ယောက် လုပ်ရမယ့်အပိုင်း (၃) ပိုင်း

၁။ Production: သီချင်းထုတ်လုပ်မှုအပိုင်း (သီချင်းရေး၊ တီးခတ်၊ အသံသွင်း၊ Mixing) ၂။ Distribution: ဖြန့်ချိရေးအပိုင်း (သီချင်းကနေ ဝင်ငွေပြန်ရဖို့၊ Music Stores တွေပေါ်ရောက်ဖို့၊ လူတိုင်းအလွယ်တကူနားထောင်နိုင်ဖို့ နေရာတိုင်းမှာ ရှိနေစေဖို့) ၃။ Marketing:ဈေးကွက်ထိုးဖောက်ခြင်းအပိုင်း

ဒီအထဲမှာ အဆိုတော်တော်တော်များများ မေ့နေတတ်ကြတာက Marketing အပိုင်းပါပဲ။ အမာခံပရိသတ် (Fanbase) ရှိပြီးသား၊ အောင်မြင်ပြီးသား အဆိုတော်တစ်ယောက်အတွက် မလိုအပ်ပေမယ့်၊ နေရာတစ်ခုရဖို့ ကြိုးစားနေဆဲ အဆိုတော်တိုင်းကတော့ Marketing ကို လုံးဝ မေ့ထားလို့မရပါဘူး။ Marketing မလုပ်ဘဲ Viral ဖြစ်သွားတဲ့သူတွေ ရှိပေမယ့် ဒါက ရာခိုင်နှုန်းအရမ်းနည်းပြီး ကံအရမ်းကောင်းလို့ပါ 😅။

ဘာကြောင့် Marketing လိုတာလဲ? ဒီနေ့ခေတ်မှာ နေ့စဉ်နဲ့အမျှ သီချင်းသစ်တွေ အများကြီးထွက်နေပါတယ်။ ပရိသတ်က ကိုယ့်သီချင်းကို သေချာအချိန်ပေး ရွေးချယ်နားဆင်ဖို့ဆိုတာ ကိုယ့်ဘက်က ထူးခြားတဲ့ အားစိုက်ထုတ်မှုတွေ ရှိမှရပါမယ်။ လူတိုင်းက "အိမ်အရောက်ဝန်ဆောင်မှု" တွေကိုပဲ နှစ်သက်လာကြသလို၊ ဖုန်း Screen ပေါ် (မျက်လုံးရှေ့) ရောက်လာတာကိုပဲ ကြည့်ဖြစ်ကြတော့တာပါ။ တကူးတကဘာကိုမှ မရှာကြတော့ပါဘူး။ သူတို့ရဲ့ ကြိုက်/မကြိုက် ဆုံးဖြတ်ချက်က ၅ စက္ကန့်လောက်ပဲ ကြာပါတယ်။

သီချင်းတစ်ပုဒ်ထွက်တဲ့အခါ Agency တွေ၊ Distributor တွေကို အပ်လိုက်တာက "Distribution" (ဖြန့်ချိရေး) အတွက် အဓိကဖြစ်ပါတယ်။ သီချင်းကို Platform တွေပေါ် ရောက်အောင်ပို့ပေးမယ်၊ Promo အနည်းငယ် လုပ်ပေးမယ်၊ ဒါပါပဲ။ ဥပမာ - ကုန်ပစ္စည်းတစ်ခုကို ဆိုင်တွေအနှံ့လိုက်တင်ပေးမယ်၊ ဆိုင်ရှေ့မှာ Poster ကပ်ပေးမယ်၊ ဒီလောက်ပါပဲ။ ဝယ်သူတွေ ကိုယ့်ပစ္စည်းကို သိပြီး လာဝယ်အောင်လုပ်ဖို့က Marketing အပိုင်း သက်သက်လိုပါတယ်။

Label ကြီးတွေအောက်မှာရှိတဲ့ Artist တွေကတော့ ကုမ္ပဏီက Marketing Plan ဆွဲပေးပေမယ့် Independent Artist တွေကတော့ ကိုယ်တိုင် လုပ်ကိုလုပ်ရပါမယ်။


ဘယ်လို Marketing လုပ်မလဲ? (လက်တွေ့ကျတဲ့ နည်းလမ်းများ)

အကြီးကြီးတွေ မစဉ်းစားပါနဲ့။ ကိုယ်လက်လှမ်းမီတဲ့ အသေးဆုံးလေးတွေကနေ စလိုက်ပါ။

✅ ၁။ Social Media Profile တည်ဆောက်ပါ Platform အားလုံးမှာ Artist Name တစ်ခုတည်းနဲ့ အကောင့်ဖွင့်ထားပါ။

  • သတိပြုရန်: နာမည်နောက်က "Official" တို့ ဘာတို့ လိုက်မထည့်ပါနဲ့။ ကြောင်တောင်တောင်နိုင်ပါတယ်။ (ထည့်ထားတဲ့သူတွေအတွက် Sorry နော် 🙏) Official ဖြစ်ဖို့က Platform တွေကပေးတဲ့ Verification ရဖို့ လိုတာပါ။ official ထည့်ထားတိုင်းလဲ official မဖြစ်ပါဘူး။ ဒါကြောင့် နာမည်ရဲ့ အမြီးမှာ ထည့်ရေးထားစရာမလိုပါဘူး။

  • ရှိသင့်တဲ့ Platforms: Facebook, Instagram, TikTok, YouTube, YouTube Shorts (Twitter/X)။ (Donald Trump သုံးတဲ့ Truth Social လောက်တော့ မလိုပါဘူးဗျာ 😅)။

✅ ၂။ သီချင်းမထွက်ခင် (Pre-Release) Viral ဖြစ်ဖို့ အလွယ်ဆုံးက TikTok နဲ့ YouTube Shorts ပါ။

  • သီချင်းမထွက်ခင်ကတည်းက Teaser အပိုင်းအစလေးတွေတင်ပြီး လူတွေ နားယဉ်နေအောင် လုပ်ပါ။ သီချင်းနာမည်ကို အရင်ဆုံးရင်းနှီးနေအောင်ကြိုလုပ်ပါ။ 

  • ကိုယ်ပိုင် Social Media အားနဲ့ မရရင် သူငယ်ချင်း၊ ချစ်သူ၊ ညီအစ်ကို မောင်နှမ၊ မိဘတွေကအစ အကူအညီတောင်းပြီး Share ခိုင်းပါ။ ဒါ ရှက်စရာမဟုတ်ပါဘူး၊ ငွေမကုန်တဲ့ Marketing ပါ။ အရပ်ကူပါ လူဝိုင်းပါ ပေါ့ဗျာ 😅

✅ ၃။ Content ဖန်တီးမှု (Creation)

  • TikTok/ YouTube Shorts အတွက် သီချင်းရဲ့ အကောင်းဆုံး (Hook) အပိုင်းကို ဖြတ်ပြီး ၁ မိနစ်စာ Portrait Video (ဒေါင်လိုက်) ဖန်တီးပါ။ Hwasa ရဲ့ Good Goodbye သီချင်းက Verse ထက် Chorus ပိုင်းအရမ်း powerful ဖြစ်ပါတယ်။ ဒါကြောင့်သူ Chorus အပိုဒ်ကိုပဲ လူတွေကြားထဲကို ရောက်အောင်လုပ်ခဲ့လို့ ဒီသီချင်းအောင်မြင်သွားတာပါ၊ ဒါကပုံသေတော့မဟုတ်ပါဘူး၊ တချို့သီချင်းတွေက Verse က ပိုကောင်းပါတယ်။

  • Caption: မြန်မာလူမျိုးတွေ Heart ထိစေမယ့် စာသား (သို့) ကဗျာဆန်ဆန် စာသားလေးတွေ ရေးပါ။ (လိုအပ်ရင် ကဗျာဆရာ မိတ်ဆွေတွေကို အကူအညီတောင်းပါ)။

✅ ၄။ သီချင်းထွက်ပြီးချိန် (Post-Release)

  • Agency/Distributor က Stores တွေပေါ်တင်ပေးလိမ့်မယ်။ ကိုယ်က Marketing ဆက်လုပ်ပါ။

  • Facebook မှာ Budget နည်းနည်းသုံးပြီး Boost လုပ်ပါ။

  • TikTok မှာ ကိုယ့်သီချင်းနဲ့ လိုက်ဖက်မယ့် Trend (Dance Challenge/ Acting) တစ်ခုခု ဖန်တီးပြီး ကြည့်ရှုသူတွေကို ပါဝင်ခိုင်းပါ။ လူတိုင်းပါဝင်နိုင်ဖို့အတွက် trend တွေကို အလွယ်ဆုံးနည်းလမ်းတွေနဲ့ဖန်တီးပါ။ 

  • Consistency: သီချင်းထွက်ပြီး တစ်ပတ်လောက်ကြာရင် Portrait Video တွေကို FB/IG မှာ ပြန်တင်ပါ။ MV ရိုက်နိုင်ရင် ရိုက်ပါ၊ မရိုက်နိုင်ရင်တောင် Lyric Video အတိုလေးတွေကို နောက်သီချင်းသစ် မထွက်မချင်း ဆက်တိုက်တင်နေဖို့ လိုပါတယ်။



Hwasa အကြောင်းလေး ပြန်ဆက်ရရင် "Good Goodbye" သီချင်းထွက်ပြီး ၃ လကျော်သွားတာတောင် အခုချိန်ထိ သူ့ Social Media တွေမှာ Promote လုပ်နေတုန်းပါပဲ။ Artist တွေအနေနဲ့ အောင်မြင်မှုတစ်ခုရဖို့ နောက်ကွယ်က အားစိုက်ထုတ်မှု (Effort) က အရမ်းအရေးကြီးပါတယ်။

အစအဆုံး ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီစာက ကျွန်တော်တို့ အတွေ့အကြုံအပေါ် အခြေခံပြီး လေ့လာသင်ယူနေဆဲမို့ သိသလောက် မှတ်သလောက် ဝေမျှပေးတာဖြစ်တဲ့အတွက် လိုအပ်ချက်များ ရှိခဲ့ရင် နားလည်ပေးကြပါ၊ သင်ပြပေးကြပါ။ ကိုယ့်အတွက် တစ်ခုခု အကျိုးရှိသွားတယ်ဆိုရင်တော့ Like & Share လေး လုပ်ပေးခဲ့ပါဦး။ ကျေးဇူးတင်ပါတယ်။


Comments

Popular posts from this blog

အဆိုတော်တိုင်း မဖြစ်မနေ သိထားသင့်တဲ့ ISRC နဲ့ UPC ကုဒ်အကြောင်း

  အဆိုတော်တိုင်း မဖြစ်မနေ သိထားသင့်တဲ့ ISRC နဲ့ UPC ကုဒ်အကြောင်း ယနေ့ခေတ်မှာ ကိုယ်က သီချင်းသီဆိုသူ အဆိုရှင်၊ အဆိုတော် (Artist) တစ်ယောက်ဆိုရင် ISRC နဲ့ UPC အကြောင်းကို သိထားဖို့ လုံးဝလိုအပ်ပါတယ်။ ISRC (International Standard Recording Code) ISRC ဆိုတာက သီချင်းတစ်ပုဒ်ချင်းစီ (သို့မဟုတ်) အသံသွင်းယူမှု (Recording) တစ်ခုချင်းစီအတွက် သီးသန့်သတ်မှတ်ပေးထားတဲ့ "ဒစ်ဂျစ်တယ်လက်ဗွေရာ" (Digital Fingerprint) ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာ အသိအမှတ်ပြု ကုဒ်နံပါတ်တစ်ခုလည်း ဖြစ်ပါတယ်။ ISRC ကုဒ် ဖွဲ့စည်းပုံ (ဥပမာ)  ISRC ကုဒ်မှာ အက္ခရာနဲ့ ဂဏန်း စုစုပေါင်း ၁၂ လုံး ပါဝင်ပါတယ်။ ဥပမာ -  US-S1Z-24-00001 US:  နိုင်ငံကုဒ် (Country Code) S1Z:  ထုတ်ဝေသူ ကုဒ် (Issuer Code) 24:  ထုတ်လုပ်သည့် ခုနှစ် (Year of Reference - 2024) 00001:  သီချင်းစဉ် (Designation Code) ဘယ်လိုအသုံးဝင်သလဲ? ခြေရာခံခြင်း (Tracking):  သီချင်းတစ်ပုဒ်ကို ဘယ်နေရာမှာ၊ ဘယ်နှစ်ကြိမ် နားထောင်ခဲ့လဲ (Stream)၊ ဒေါင်းလုပ် (Download) ဆွဲခဲ့လဲဆိုတာကို ခြေရာခံနိုင်ပါတယ်။ ဥပမာ - Spotify, Apple Music, YouTube စတဲ့ Platform တွေ...

New Artist တွေအတွက် YouTube Subscriber ရဖို့နည်းလမ်းအချို့ (၁)

  YouTube က ပုံမှန်တိုင်းဆို subscriber ရဖို့ခက်ခဲပါတယ်၊ YouTube ကြည့်တဲ့သူတွေက တော်ယုံ ရင်ထဲမထိပဲ subscribe မလုပ်ကြပါဘူး၊ Channel စဖွင့်ဖွင့်ချင်းဆိုရင် ပိုဆိုးပါတယ်၊ အဲ့ဒီမှာ တခုပြောချင်တာက subscriber ဂျင်းတွေ/အတုတွေမဝယ်ပါနဲ့၊ YouTube ရဲ့ AI စနစ်ကမပိန်းပါဘူး၊ ကိုယ့် Video ကိုတစက်မှမကြည့်ပဲ Sbuscriber နိပ်ရုံနိပ်သွားခဲ့ရင် အဲ့ဒီ subscriber ကမကြာခင်ပျောက်သွားမှာပါ၊  || Subscriber ရဖို့ဘယ်လိုလုပ်မလဲ ? New Artist တွေအတွက် ဒါကအခက်အခဲတခုပါပဲ၊ အောင်မြင်နေပြီးသား၊ Flow ပေါ်ရောက်နေပြီးသား Artist တယောက်အတွက်ကတော့ Subscriber 1K နဲ့ Watch Hour 4000 က အေးအေးဆေးဆေးအချိန်တိုအတွင်းရပါတယ်၊ အခုမှ စလုံးရေစမယ့် Artist တွေအတွက်ကတော့ စိန်ခေါ်မှုတခုပါပဲ၊ ခက်လားမေးရင် ခက်ပါတယ်၊ ဒါပေမယ့်ကြိုးစားရင်ဖြစ်ပါတယ်။   အောက်ကအကြံပြုချက်လေးတွေအတိုင်းလိုက်လုပ်ကြည့်ပါနော် Channel တွေ / Page တွေမဖန်တီးခင် တင်ဖို့သီချင်း Ready အရင်လုပ်ပါ၊ အနည်း (၃) ပုဒ်လောက် Ready ပြင်ထားပါ၊ အဲ့ဒီထဲမှာ ပရိတ်သတ်ရင်ထဲထိမယ့် နားထဲစွဲမယ့် သီချင်းမျိုးပါရင်ပိုကောင်းပါတယ်၊ ပေါ်ပင်မှာပျော်ရွှင်တတ်ရင် Trend ပေါ်ရောက်နိုင်မယ့် သီချင်...

Apple Music / Spotify တို့လို Streaming Platforms တွေမှာသီချင်းတင်ရင် ဝင်ငွေဘယ်လိုပေးလဲ? ဘယ်လောက်ရနိုင်လဲ?

  အဆိုတော်တွေတော်တော်များများ အမေးများပြီး သိချင်နေကြတဲ့ အကြောင်းအရာဖြစ်ပါတယ်။ တကယ်သိချင်တယ်ဆိုရင် ဒီဆောင်းပါးကို အစအဆုံးကို ဖတ်ဖို့အကြံပြုချင်ပါတယ်။  ဘယ်လောက်ရနိုင်လဲဆိုတာ မပြောခင်   Spotify , Apple Music တို့လို Streaming Platforms တွေမှာ သီချင်းတင်ရင် ပိုက်ဆံတကယ်ရလား? ဆိုတဲ့ အကြောင်းအရာကို အရင်ရေးခဲ့ဘူးတဲ့ ဆောင်းပါးတပုဒ်က စာစုတချို့ကို လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် update လုပ်ပြီး ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ ဝင်ငွေရနိုင်လားဆိုရင် ?  ရနိုင်ပါတယ်၊ တကယ်ရပါတယ်၊ ဒါပေမယ့် နားထောင်မယ့်   ကိုယ့်ရဲ့ပရိတ်သတ်ရှိဖို့လိုပါတယ်။ နားထောင်တဲ့အကြိမ်အရေအတွက်ပေါ်မှာ (on per stream) အခြေခံပြီးရရှိတာဖြစ်ပါတယ်။ နားထောင်တဲ့သူမရှိရင် ဘာဝင်ငွေမှမရပါဘူး၊ နားထောင်တဲ့ ၁၀ ဂဏန်း၊ ရာဂဏန်း လောက်နဲ့လည်း ဘာမှသိပ်အလုပ်မဖြစ်ပါဘူး။ streaming platforms တွေမှာ ကိုယ့်သီချင်းတွေကိုပုံမှန်နားထောင်ပေးမယ့် ထောင်ဂဏန်း၊ သောင်းဂဏန်း / သိန်းဂဏန်း ပရိတ်သတ်ရှိမှ သိသာတဲ့ဝင်ငွေပမာဏရရှိမှာဖြစ်ပါတယ်။ အဓိကကတော့ ဝင်ငွေရရှိနိုင်တဲ့ Streaming Platforms တွေကနေ ကိုယ့်သီချင်းကို အားပေးနားဆင်ပေးမယ့် ပရိတ်သတ်အခိုင်အမာရှိမ...